စဉ့်ကူးမှာ ဗုံးကြဲလို့အမျိုးသား ၁ ဦး သေပြီး ၄ ဦးဒဏ်ရာရ

0 14
0 14

စဥ့်ကူး၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ စဥ့်ကူးမြို့နယ်ပကဖဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်မနက် ၁၀ နာရီ မိနစ် ၅၀ ခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ညောင်ဝန်းကျေးရွာထဲကို ဗုံး ၁ လုံးကြဲချခဲ့ရာ ရွာအလယ်ပိုင်း နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ညောင်ဝန်းရွာနားမှာတော့ တိုက်ပွဲမရှိဘူး။ တော်လှန်ရေးအင်အားစုတွေ နေတာထိုင်တာလည်းမရှိဘူး။ ပြည်သူနေအိမ်ကို သက်သက်ကိုလာကြဲသွားတာ။ နေအိမ်ဘေးကိုကျတာ။ ပေါင် ၂၅၀ ဗုံးဖြစ်နိုင်တယ်”လို့ စဥ့်ကူးမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိကပြောပါတယ်။

ဗုံးကျပေါက်ကွဲလို့ နေအိမ်အတွင်းရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးနေရာမှာတင်သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီး၊ အသက် ၄၀ နဲ့ ၂၀ အရွယ် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောာ်မရှင်ဘက်က ဗုံးလာကြဲတာကြောင့်ရွာခံတွေမှာ စိုးရိမ်ထိတ်လန့်နေကြပြီး အခြေအနေကိုစောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ အေးချမ်းသာရပ်ကွက်မှာ ဗုံးကြဲခံရပြီး မိန်းကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။