myaelatt athan

Sharing Information to the Local

ရေဦးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

ရေဦး၊ မတ် ၂၃၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မြောက်ပိုင်း၊ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးတယ်လို့ ရေဦးမြို့နယ်ပကဖတာဝန်ခံထံက သိရပါတယ်။

အင်အား ၂၀ ခန့်နဲ့ ဓမ္မာရုံအရှေ့လမ်းပေါ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ် ၂၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်က ဒရုန်းနဲ့ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က ဒီနေ့ ရေဦးကို Mi 17 ဆင်းမယ်ဆိုတော့ မြို့အစပ်မှာ ကင်းပုန်းပုံစံစစ်ဆေးရေး လုပ်နေတော့ ဗုံးချလိုက်တာ။ လုံခြုံရေးယူရင်း စစ်ဆေးရေးလုပ်နေကြတာ။"လို့ ရေဦးမြို့နယ် ပကဖတာဝန်ခံ က ပြောပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတာကို မြေပြင်သတင်းစောင့်ကြည့်နေသူတွေထံကသိရပြီး ဗုံးကျလို့ထိခိုက်သေဆုံးသူတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့လာတင်သွားတယ်လို့ သူက ဆိုပါတယ်။

ဗုံးချခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘဲ သေဆုံးထိခိုက်သူတွေကို လူနာတင်ယာဉ်တွေနဲ့တင်ဆောင်ကာ မြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲနေရာတွေနဲ့ လှုပ်ရှားမှုလမ်းကြောင်းမှန်သမျှကို ဒရုန်းစစ်ဆေးရေးပြုလုပ်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းနဲ့ တပ်ဖွဲ့ဝင်တွေအနီး နေထိုင်သွားလာတာတွေ သတိထားရှောင်ရှားကြဖို့လိုတယ်လို့ ရေဦးပကဖက သတိပေးပြောဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။