နွန်ထဘူရီမှာ ကားဂိုထောင်မီးလောင်လို့ Teslea တွေအပါ တန်ဖိုးကြီးကားအစီး ၅၀ ပျက်စီး

0 10
0 10

မြေလတ်အသံ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၅။

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဖက်ကရက်(Pak Kret)မြို့ရှိ တန်ဖိုးကြီးကားဂိုထောင်တခု နိုဝင်ဘာ ၂၈ ရက် ဒီမနက်မှာ မီးလောင်ခဲ့ပြီး ဘတ်သန်း ၁၉၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖက်ကရက်(Pak Kret)မြို့၊ အွမ်ကရက်(Om Kret)ရပ်ကွက် ကားဝပ်ရှော့တခုရဲ့ တန်ဖိုးကြီးကားဂိုထောင် မီးလောင်ခဲ့ကြောင်းသတင်းရရှိတာကြောင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ သွားရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

မီးငြှမ်းသတ်နေစဉ်အတွင်းမှာ မီးသတ်ကား ၁ စီးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးအားပြင်းတာကြောင့် မီးသတ်တပ်ဖွဲ့ပါ ပြန်လည်ဆုတ်ခွာလာခဲ့ရကာ အွမ်ကရက်(Om Kret)ရပ်ကွက်ပိုင် အဆိုပါမီးသတ်ကားလည်း လုံးဝနီးပါး ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ ကားဂိုထောင်မီးလောင်မှုကြောင့် Supercar ၅ စီး (တန်ဖိုး ဘတ်သန်း ၁၀၀ ခန့်) နဲ့ Tesla EV ၄၅ စီး (တန်ဖိုး ဘတ်သန်း ၉၀ ခန့်) မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ကားအစီးရေ ၅၀ ၊ တန်ဖိုး ဘတ်သန်း ၁၉၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

CCTV မှတ်တမ်းတွေအရ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်တာဖြစ်ကြောင်း ယူဆထားပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Ref ; Bangkok Post, Khaosod
Photo – Khaosod

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။