ထိုင်းတောင်ပိုင်း ဟတ်ယိုင်မှာ မိုးသည်းထန်လို့ရေကြီးပြီး အရေးပေါ်အခြေအနေကြေညာထားရ

0 14
0 14

မြေလတ်အသံ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်း – မလေးနယ်စပ်၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေကြီးရေလျှံနေပြီး အစိုးရက အနီရောင်အဆင့် အရေးပေါ်အခြေအနေကြေညာကာ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီမှာ ဟတ်ယိုင်မြို့တော်ဝန်က အရေးပေါ်အခြေအနေ အနီရောင်အဆင့်ကြေညာပြီး ဒေသခံတွေကို ကုန်းမြင့်နေရာတွေနဲ့ ရေဘေးကင်းလွတ်တဲ့နေရာတွေကို စတင်ရွှေ့ပြောင်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

၃ ရက်တာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ စုစုပေါင်းမိုးရေချိန် ၅၉၅ မီလီလီတာအထိရောက်ရှိခဲ့ကြောင်း မြို့တော်ဝန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်မှာတော့ ဝန်ကြီးချုပ် အနုတင်က နိုင်ငံတောင်ပိုင်းရေလွှမ်းမိုးမှုအတွက် တုန့်ပြန်မှုနဲ့ ကူညီကယ်ဆယ်ရေးအစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီး လက်ရှိမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ref ; Bangkok Post , The Nation
Photo – The Nation

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။