ကန့်ဘလူနယ်က စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပစ္စည်းတွေ လိုအပ်နေ

0 1
0 1

ကန့်ဘလူ၊ ဧပြီ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန်ဘလူနဲ့ ကျွန်းလှမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ စစ်ရှောင်တွေအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ကလေးငယ်တွေမှာ နှာစေး၊ချောင်းဆိုးတာတွေ အဖြစ်များပြီး၊ အသက် ၆၀ အရွယ်အဘိုးအဘွား အများစုမှာ ဆီးချို၊သွေးချိုရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဝါတွေလည်း ဖြစ်နေတာကြောင့် သူတို့ကိုကုသဖို့ လုံလောက်တဲ့ဆေးဝါးတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

“ရာသီဥတုအပြောင်းအလဲကြောင့် ရာသီတုပ်ကွေးလို ဖျားနာတာတွေဖြစ်တယ်၊ နှာစေးချောင်းဆိုး တာလည်း ရှိတယ်ဗျ၊ နာတာရှည်ဆီးချို၊သွေးတိုး ရောဂါတွေလည်းပါတယ်၊ ရေမြေအပြောင်းအလဲရှိတော့ ဝမ်းပျက်ဝမ်းလျောအတွက်ဆေးတွေ လိုတာဗျ၊ ရှိတဲ့ဆေဝါးတွေနဲ့တော့ ပဏာမ ကုသပေးနေတယ်”လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

ခုလိုဆေးဝါးပြတ်လပ်မှုတွေရှိနေလို့ ဧပြီ ၁ ရက်နေ့က ဆေး ၆ သိန်းဖိုးနဲ့ အမိုးမိုးဖို့ ၂ သိန်းခွဲကို တတ်နိုင်သလောက် ပံ့ပိုးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ပရဟိတတာဝန်ခံက ပြောပါတယ်။

“စားဖို့က စေတနာရှင်တချို့လည်း လှူကြတယ်၊ ရေတွင်းတတွင်းတူးထားတယ်၊ သူတို့ရွာလည်း မပြန်ရဲကြဘူး၊ စစ်ရှောင်တဲတန်းတွေမှာ နေကြတယ်၊ ဆွေမျိုးတွေဆီ သွားနေကျတာလည်း ရှိပါတယ်။ အခုလည်း ဖျားနာတာတွေ နာတာရှည်ရောဂါတွေဖို့ ဆေးတွေလိုအပ်နေတာသိရတယ်”လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၃ ခုမှာ လိုအပ်နေတာဖြစ်ပြီး အဲ့ဒီစခန်းတွေမှာ စုစုပေါင်းဦးရေ ၃၀၀ ဝန်းကျင်ရှိကာ ကန့်ဘလူမြိုနယ်အတွင်းက စစ်ရှောင်စခန်းတွေမှာတော့ ကျန်းမာရေးဝန်ထမ်းတချို့က ဆေးကုသမှုပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းတွေမှာ ကိုးတောင်ဘို့နဲ့ ချပ်သင်းတိုက်နယ်တွင်း ကျေးရွာတွေက ရွာသူရွာသားတွေဖြစ်ကာ သူတို့နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်စီးပြီး အထိုင်ချတပ်စွဲထာတာကြောင့် ရွာကတိမ်းရှောင်နေရတာ ၁ နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။