ရွှေဘိုစည်ပင်ရုံးဗုံးပစ်ခံရပြီးနောက် အမျိုးသမီး ၃ ဦးပါ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

0 1
0 1

ရွှေဘို၊ ဧပြီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်က အမျိုးသား ၆ ဦးအပါအဝင် ဒေသခံ ၁၆ ဦးကို ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်ကရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက စည်ပင်သာယာရေးရုံးထဲမှာတပ်စွဲထားတဲ့စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီးတဲ့နောက် စည်ပင်ရုံးအနီးဈေးရောင်းနေတဲ့ ဈေးသည်တွေအပါအဝင် အရပ်သား ၁၆ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာလို့ Shwdbo District Battalion 23 တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ဗုံးသွားပစ်တာကကျနော်တို့အဖွဲ့ပါ။အဲ့ဒီတိုက်ခိုက်မှုမှာထိခိုက်သေဆုံးတွေရှိတယ်။အဲတာကြောင့် စကစတွေကကားတစီးနဲ့ ချက်ချင်းရောက်လာပြီးတော့ရုံးနားမှာ အလုပ်လုပ်နေတဲ့အရပ်သားတွေကို ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားတာ။ တချို့ဆိုရင် ရိုက်နှက်ခံရတာများလို့ PDFဆိုပြီးဝန်ခံခိုင်းတာ ဝန်ခံရတယ်တဲ့။ ကျနော်တို့အဖွဲ့ကတဦးတယောက်မှ အဖမ်းမခံခဲ့ရပါ” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အမှတ် ၅ ရပ်ကွက်က အမျိုးသား ၆ ဦး၊ နေရပ်နဲ့ အမည်တွေကိုမသိရသေးတဲ့ အမျိုး သမီး ၃ ဦး နဲ့ အမျိုးသား ၇ ဦး တို့ဖြစ်တယ်လို့ ရွှေဘိုအခြေစိုက် PDF တပ်ဖွဲ့တွေနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

“အဖမ်းခံရတာကတော့ အတည်ပြုလို့ရတယ်။ ဘယ်သူတွေဆိုတာကိုတော့ ကျနော်တို့ လည်း PDF အဖွဲ့တွေကို လိုက်မေးနေတာ တိတိကျကျ မသိကြဘူးဖြစ်နေတယ်။ဒီ ၁၆ ယောက်က စည်ပင်ရုံးတိုက် ခိုက်ခံရတာနဲ့ပတ်သက်လို့အဖမ်းခံရတာလို့သိရတယ်” လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွှေဘိုမြို့နယ်၊ စည်ပင်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ သူ ၄ ဦးနဲ့ အားပေးထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိထားပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဧပြီလ ၄ ရက်နေ့မှာလည်း ရွှေဘိုမြို့နယ်၊ချီပါရွာက လမ်းသွားလမ်းလာ ဆိုင်ကယ်စီးနင်းသူ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုတ်ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။