ကနီမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

0 3
0 3

ကနီ၊ မတ် ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အုမ္မနဲ့ယင်းကျေးရွာကြားမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရတယ်လို့ ကနီမြို့နယ်ပကဖထံက သိရပါတယ်။

မတ် ၁၈ ရက် မနက် ၁၁ နာရီ မိနစ် ၂၀ ခန့်မှာ အဆိုပါကျေးရွာ ၂ ရွာကြားက လမ်းနဲ့ယာခင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မထင်မှတ်လည်း လာကြဲတာပေါ့။ စစ်ရေးလှုပ်ရှားမှု ဘာမှလည်းမရှိဘူး။ တောသွားလမ်းတွေမှာ ကျတာ။ လှည်းနဲ့သွားနေချိန် ထိတာ။ ရော့ကက်တွေနဲ့ ပစ်ခတ်သွားတာ။”လို့ ကနီမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကုန်းသာကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မယဥ်ယဥ်ဌေးမှာ ဘယ်လက်မောင်း၊ ဘယ်ဦးခေါင်း၊ နားရွက်နဲ့ ယင်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် မခင်လှိုင်ဝင်းမှာ ဝမ်းဗိုက်နဲ့ဦးခေါင်းတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး လှည်း ၁ စီးပျက်စီးသွားသလို နွား ၂ ကောင်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မတ် ၁၀ ရက်ကလည်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက နတ်ကြီးရွာကိုတိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။