1






ယင်းမာပင်၊ ဧပြီ ၁၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ သင်္ကြန်အကြိုနေ့ အထိမ်းမှတ်အဖြစ် ရွာပေါင်းစုံသပိတ် လှုပ်ရှားမှု ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။



ဧပြီလ ၁၃ ရက်ဒီကနေ့ မနက် ၉ နာရီခွဲခန့်က ပြုလုပ်ခဲ့တာဖြစ်ပြီး “စစ်တပ်စီးပွားတို့ ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုတဲ့ ဘန်နာတွေကိုင်စွဲပြီး ပြုလုပ်ခဲ့တာပါ။


ရွာပေါင်းစုံသပိတ်လှုပ်ရှားမှုကော်မတီရဲ့ ၇၆၃ ရက်မြောက် သပိတ်လှုပ်ရှားမှုဖြစ်ပြီး တော်လှန်ရေးကြွေးကြော်သံတွေ အော်ဟစ်ကာ ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

