myaelatt athan

Sharing Information to the Local

ပဲခူးမှာ ဆီဘောက်ဆာနဲ့ ဘုရားဖူးယာဥ်တိုက်မိပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

ပဲခူး၊ မတ် ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအနီးမှာ ဆီဘောက်ဆာနဲ့ဘုရားဖူးယာဥ်တိုက်မိပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

မတ် ၁၈ ရက်မနက် ၈ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်မှာ ရန်ကုန်ဘက်ကနေ ဒိုက်ဦးဘက်ကိုမောင်းလာတဲ့ ဆီဘောက်ဆာယာဥ်နဲ့ လားရာတူရှေ့ကနေမောင်းနှင်လာတဲ့ ဘုရားဖူးလိုက်ထရပ်ယာဥ်တို့ ဒေးစွန်ပါဘုရားမုခ်ပေါက်ဝအနီးမှာ တိုက်ခဲ့တာလို့ဆိုပါတယ်။

“လိုက်ထရပ်က ဘုရားထဲအဝင် နောက်ကာပါလာတဲ့ဆီဘောက်ဆာက ဖြတ်တိုက်လိုက်ကော။ ဒရွတ်တိုက်ပါသွားပြီးတော့ အပင်နားမှာ သွားရပ်တာ။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် လိုက်ထရပ်ယာဥ်ခေါင်းခန်းပါ ယာဥ်မောင်း အသက် ၅၀ ကျော်နဲ့ ၆၀ အရွယ် အမျိုးသား ၂ ဦး နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယာဥ်နောက်ခန်းပါ အသက် ၁၈ နှစ်ကနေ ၅၀ ကြားရှိ အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး အဲဒီအထဲက ဒေါ်တင်တင်ခိုင်ဆိုသူမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေက ကဝမြို့ကနေ ဒေးစွန်ပါဘုရားဖူးလာကြသူတွေဖြစ်ပြီး ဒေသကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၆ ရက်မနက်ပိုင်းကလည်း ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ လူုကူညီရေးအသင်းယာဥ် တိမ်းမှောက်ပြီး လူနာနဲ့ လူနာရှင် ၂ ဦး၊ လူမှုကူညီရေးအသင်းဝင် ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။