myaelatt athan

Sharing Information to the Local

MVRF ရဲ့စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်

ပခုက္ကူ၊ မတ် ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲမှာ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း Myanmar Villages Revolution Front – MVRF တပ်ဖွဲ့ဝင်တွေရဲ့ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

မတ် ၇ ရက်မှာသင်တန်းစတင်ခဲ့တဲ့အဆိုပါသင်တန်းကို ၁၀ ရက်ကြာပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲကိုတော့ မတ် ၁၇ ရက်မှာပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

“အဓိကတော့ နိုင်ငံရေးရေချိန်မြှင့်တင်ဖို့စုဖွဲ့လေ့ကျင့်မှုသင်တန်းပေးခဲ့တာ၊ တော်လှန်ရေးကာလကလည်း အချိန်အားဖြင့်ကြာခဲ့ပြီ၊ ကျနော်တို့ ရဲဘော်တွေအနေနဲ့ စိတ်ခံစားမှုတွေ စိတ်ပင်ပမ်းမှုတွေ ရှိတယ်၊ ဒီဟာတွေကို ကျနော်တို့ နိုင်ငံရေးရဲ့ လက်ရှိအခြေအနေမှာ နိုင်ငံရေးရေချိန်တွေ တော်လှန်ရေး ရေချိန်တွေနဲ့ မြှင့်တင်ဖို့ကြိုးစားတာပါ” လို့ MVRF ရဲ့ရုံးအုပ် ကိုချစ်က ပြောပါတယ်။

သင်တန်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့်ပေးထားတဲ့ ဆရာတွေက ပြန်လည်သင်ကြားပို့ချပေးခဲ့တာလို့လည်း ဆိုပါတယ်။

Myaing Villages Revolution Front- MVRF ဟာ ပခုက္ကူခရိုင်အတွင်းအခြေစိုက်ပြီး စစ်ကောင်စီ တပ်သားတွေကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ၁၁၆ ဦးသေဆုံး၊ အရှင်ဖမ်းမိ ၆ ဦးရှိခဲ့ကာ လက်နက် ၃၆ လက်နဲ့ ၁၂ ဘီးကား ၂ စီး သိမ်းဆည်း ရရှိထားကာ MVRF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ဖွဲ့အနေနဲ့ ဒေသခံလေကြောင်းတိုက်ခိုက်မှုတွေလျော့ပါးအောင် အသိပညာပေးမှုတွေ လုပ်ဆောင်ပေးနေပြီး ဒေသခံတွေကိုလည်းကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေကာ လက်ရှိအချိန်ထိ လူနာပေါင်း ၇,၅၀၀ ခန့်ကိုဆေးဝါးကုသပေးထားနိုင်တယ်လို့ MVRF ဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။