သပိတ်ခေါင်းဆောင်နဲ့ ရှမ်းနီအဆိုတော်အပါ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

0 1
0 1

ဟုမ္မလင်း၊ ဧပြီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် သပိတ်ခေါင်းဆောင်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ရှမ်းနီအဆိုတော်တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဧပြီလ ၇ ရက်နေ့က ဟုမ္မလင်းမြို့နယ်တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတာ တနှစ်နီးပါးကြာမှ ထောင်ဒဏ်တွေ ချမှတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကို စဖမ်းတည်းက၂၂၂ စစ်တပ်ထောင်နဲ့ ဟုမ္မလင်း မြို့မရဲစခန်းမှာ ထားတယ်၊ လိုသလိုပေါ့။ တပ်က စစ်ချင်ရင် တပ်ကိုခေါ်သွားတယ်။ ရဲက စစ်ချင်ရင် ရဲဆီခေါ်လာပြန်တယ်။ အဲ့လို လုံးချာလိုက်နေတာပဲ။ အခုအမိန့်ချပြီဆိုတော့ ခန္တီးထောင်ပို့မယ် ထင်တယ်” လို့ ဟုမ္မလင်း ဒေသခံတဦးက ပြောပါတယ်။

ဟုမ္မလင်းသပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုကျော်ဝင်းစိန်ကို ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆လ၊ ရှမ်းနီအဆိုတော်တဦးဖြစ်တဲ့ ကိုစိုင်းဝေယံကို ၁၃ နှစ်၊ CDM ကျောင်းဆရာမ ဒေါ်နွဲ့နွဲ့အောင်၊ အမေ့အိမ် စာသင်ကျောင်းက ကိုသက်ထွန်းဦး၊ ကိုအောင်ဟိန်းနဲ့ ကိုအောင်ကိုမင်းတို့ကို ၁၀ နှစ် အသီးသီးချမှတ်ခဲ့ပြီး၊ အကြမ်းဖက်အားပေးမှုအဖြစ် နေနော်နဲ့ ဖြိုးသက်တင်ကို ၅ နှစ်၊ ကိုအောင်မြင့်ဦးကို ၃ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။

ရှမ်းနီအဆိုတော်တဦးဖြစ်တဲ့ ကိုစိုင်းဝေယံအောင်ဟာ အခုလက်ရှိ စစ်ကောင်စီလက်အောက်မှာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လုပ်နေတဲ့ စိုင်းနိုင်နိုင်ကျော်အတွက် ရှမ်းနီမြေမှာ ရှမ်းနီနိုင်ရမည် မဲဆွယ်သီချင်းကို အာဏာမသိမ်းခင်က သီဆိုပေးခဲ့ဖူးသူဖြစ်ပြီး၊ စစ်ကောင်စီဘက်ပါသွားချိန်မှာ ဆဲဆိုမိလို့ အဖမ်းခံခဲ့ရတာဖြစ်ပြီး အခုလက်ရှိ နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟုမ္မလင်းသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းနိုင်ကလည်း ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက မန္တလေးမှာ ဆေးကုသနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုလက်ရှိအချိန်ထိ အမိန့်မချမှတ်ဘဲ ဖမ်းဆီးခံထားရတဲ့ ဟုမ္မလင်းပြည်သူ ၂၀ ကျော် ရှိသေးတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။