M-7 PDF စခန်း လေကြောင်းမှတဆင့် စီးနင်းခံရပြီး ရဲဘော် ၆ ဦး အဆက်သွယ်ပြတ်နေ

0 1
0 1

ပုလဲ၊ ဧပြီ ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာနားက M-7 PDF စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှာရှိတဲ့ ရဲဘော်တချို့ အဆက်သွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က Mi-35နဲ့ နာရီဝက်ခန့်ကြာအောင် စခန်းတဝိုက်ကို ပစ်ခတ်ပြီးနောက် Mi-17 ၂ စီးနဲ့ လူချကာ စီးနင်းဝင်ရောက်ခဲ့ပြီး စခန်းကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ရဲဘော် ၆ ယောက်လောက်က အဆက်သွယ်ပြတ်သွားတယ်။ မိသွားတာလား ဘာလားတော့ မသိဘူး။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်လာတယ်။ ဝေဟင်ကတောင် နေရာအတိကျနဲ့ လာနိုင်တယ်ဆိုတော့ အဓိကသတင်းပေါက်တာ၊ မြေပြင်ကနေ စစ်ကောင်စီကို သတင်းပေးတဲ့သူတွေ ရှိလို့ပေါ့။ ဒလန်လို့ခေါ်ရမှာပေ့ါ။ အဲ့လိုလူတွေကြောင့် အခြေစိုက်စခန်းတွေကို စစ်ကောင်စီက သိတာ။ သူတို့အကြောင်းမကြားရင် သိစရာအကြောင်းမရှိဘူး” လို့ ပုလဲပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဖွဲ့မှာရှိတဲ့ ရဲဘော်အများစုက တိုက်ပွဲသွားနေတဲ့အတွက် စခန်းစီးနင်းခံရချိန် စခန်းစောင့်အနေနဲ့ ကျန်ခဲ့တဲ့ ရဲဘော် ၁၀ ယောက်ကျော်ရှိနေပြီး ၇ ဦးကတော့ ဒဏ်ရာတချို့နဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အဆက်သွယ်ပြတ်သွားတဲ့ ရဲဘော် ၆ ဦးကတော့ ခုချိန်ထိ စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ကာ လူအင်အားလည်းချထားတဲ့အတွက် အနီးနားမှာရှိတဲ့ ပန်းရွာ၊ နွားကူးရွာနဲ့ တနယ်ရွာက ပြည်သူ ၈၀၀၀ ကျော် စစ်ရှောင်နေရပြီး၊ စစ်ကြောင်းကလည်း ပန်းရွာနားမှာရှိနေသေးတဲ့အတွက် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဧပြီလ ၁ ရက်နေ့ထဲက ပုလဲမြို့နယ်မြောက်ခြမ်းမှာ စစ်ကြောင်းဝင်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာနီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။