ဝါရင့် မွေထိုင်းဖိုက်တာ ဆမ်အေ ကို သွေးလင်းထက် အမှတ်နဲ့ရှုံး (အားကစားသတင်း)

0 35
0 35

မြေလတ်အသံ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်နေတဲ့ One Friday Fight 126 စတောဝိတ်မွေထိုင်းပွဲစဉ်မှာ ထိုင်းဖိုက်တာ ဆမ်အေ ကို သွေးလင်းထက် အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး သွေးလင်းထက်ရဲ့ နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ရပါတယ်။

မွေထိုင်း ဝါရင့်ဖိုက်တာ ဆမ်အေ နဲ့ သွေးလင်းထက်တို့ တွေ့ဆုံမှုမှာ ၁ ကြိမ်စီ အမှတ်စဉ် ရေတွက်ခံခဲ့ရပေမယ့် ဆမ်အေရဲ့ သမ္ဘာကို သွေးလင်းထက် ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဆမ်အေက ၃ ချီလုံး သွေးလင်းထက်ကို အသာစီးထိုးသတ်သွားခဲ့ပြီး ပွဲအပြီးမှာတော့ ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရလဒ်ကို ရယူသွားနိုင်ခဲ့တာပါ။

One Championship မှာ နိုင်ပွဲဆက်ပြီး အပိုဆုကြေးတွေရလေ့ရှိတဲ့ သွေးလင်းထက်ကတော့ ဒီပွဲမှာ ထူးထူးခြားခြား လုပ်ပြနိုင်တာမျိုးမရှိခဲ့ဘဲ သူ့ရဲ့နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။