တန့်ဆည်၊ ကံထူးမရွာ ဗုံးကြဲခံရလို့ လူငယ်တွေအပါ ၈ ဦးသေဆုံး

0 12
0 12

တန့်ဆည်၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခဲ့တာကြောင့် အသက် ၂၀ ဝန်းကျင်လူငယ်တွေအပါအဝင် ၈ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကံထူးမရွာက ‘နိုဘယ်ဝမ်း’ ဆီဆိုင်နဲ့ ‘ဇွဲထက်’ အအေးဆိုင်အနီး လူစည်းကားတဲ့နေရာကို စက်တင်ဘာ ၂၆ ရက်ဒီနေ့လယ် ၁၁ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အခုဆောက်နေတဲ့ နှစ်ထပ်တိုက်အရှေ့တည့်တည့်ကိုကျတာ။ အဲ့ဒီက ပန်းရံလုပ်နေတဲ့ အလုပ်သမား ၅ ဦး သေတာပါ။ တိုက်ပွဲလည်းမရှိဘူး။ လူစည်းကားတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိလုပ်တာပါ”လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက်၂၀ အရွယ် ဆီပန့်ဆိုင်ပိုင်ရှင်ရဲ့ သမီး၊ ၂၁ နှစ်အရွယ် ကုန်စိမ်းသည် အမျိုးသမီး ၁ ဦး၊ ၂၇ အရွယ် အမျိုးသား ၁ ဦး၊ ပန်းရံလုပ်နေတဲ့ ၄၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၄ ဦး စုစုပေါင်း ၈ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကာ ၃ ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗုံးကြဲမှုမှာ စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကိုသုံးခဲ့ပြီး လူ ၅ ဦးရဲ့ ရုပ်အလောင်းကို ပကတိအတိုင်းပြန်ရပြီး ၃ ဦးကိုတော့ အပိုင်းပိုင်းပြတ်နေတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို ပြန်ကောက်ထားရတာလို့ ဆိုပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ စက်တင်ဘာ ၂၅ ထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံစုစုပေါင်း ၇,၂၈၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။