ကနီ၊ စက်တင်ဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ကော်မရှင်တပ်တွေကိုတိုက်ခိုက်ပြီးပြန်လာတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ BLDF စစ်ဒေသ ၁၊ ဒု စစ်ဒေသတာဝန်ခံက ပြောပါတယ်။
တပ်ဖွဲ့အခြေစိုက်ဒေသကိုပြန်လာချိန် စက်တင်ဘာ ၂၂ ရက်နေ့လယ်ပိုင်းမှာ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတွေက ဒေသခံတွေပူးပေါင်းပြီး အောင်သပြေပန်းတွေ၊ စားစရာမုန့်တွေကိုပေးကမ်းကာ ကြိုဆိုခဲ့ကြတာပါ။



အဆိုပါတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၁ ရက်ကစတင်ပြီး ကနီမြို့နယ်၊ ချောင်းမရွာမှာ တပ်စွဲနေတဲ့ ခမရ ၁၆ က ဗိုလ်မှူးသူရိန်ဦးဆောင်တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ကိုတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။



BLDF နဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းကာ တပ်ပေါင်းစုပုံစံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ စစ်ဒေသ ၁၊ ဒု စစ်ဒေသ တာဝန်ခံကပြောပါတယ်။



အဆိုပါတိုက်ပွဲအတွင်း ရန်သူအလောင်း ၇ လောင်း၊ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၄ ဦးဖမ်းဆီးရမိခဲ့ပြီး MA1 ၆ လက်၊ MA3 ၂ လက်၊ MAS ၁ လက် MG 3 ၁လက်၊ BA 100 ၁ လက် ဂျန်ဘာ ၁ လုံးနဲ့ အခြားစက်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


စာတည်း – လင်း