အဝေးတနေရာက ချစ်သူကောင်မလေးလုပ်ပေးတဲ့ တောတွင်းတနေရာက မွေးနေ့ပွဲ

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ Salingyi Border Task Force အဖွဲ့ဝင် ရဲဘော်တဦးရဲ့ (၂၇) နှစ်ပြည့် မွေးနေ့ကို တောတွင်းတနေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ချစ်သူကောင်မလေးက အဝေးကနေ ကိတ်မုန့်နဲ့လက်ဆောင်တွေပို့ပေးခဲ့ပြီး ယမန်နေ့ ဧပြီလ ၂ ရက်နေ့က စခန်းမှာရှိတဲ့ ရဲဘော်တွေနဲ့တူတူ မွေးနေ့ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

“သူ့ကောင်မလေးက အဝေးကနေ ချိတ်ဆက်ပြီး ကျနော်တို့ကို suprise လုပ်ပေးဖို့ တောင်းဆိုခဲ့တာ။ သူ့ကောင်မလေးပို့ပေးလိုက်တဲ့ suprise box နဲ့ မွေးနေ့ကိတ်ကို ရဲဘော်လေးတွေက သွားယူပေးထားပြီး suprise လုပ်ခဲ့ကြတာ။ အဝေးကဆိုတော့ ရောက်လာလိမ့်မယ် ထင်မထားဘူးလေ။ အံ့သြသွားပြီး မျက်ရည်တွေ ဝဲလာတော့တာပဲ” လို့ ရဲဘော်တဦးက ပြောပါတယ်။

တပ်ရင်းမှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲဖြစ်ပြီး အဖွဲ့အနေနဲ့ လက်နက်ခဲယမ်းပဲ အဓိကထားထုတ်နေရလို့ ကျွေးမွေးတာတော့ မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။