“အညာလည်းကူ၊ လက်ဆောင်ယူ” မဲရောင်းရငွေနဲ့ မီးဘေးသင့်ပြည်သူ၊ ပညာရေး၊ကျန်းမာရေးကဏ္ဍတွေကို လှူဒါန်း

0 1
0 1

မကွေး၊ ဧပြီ ၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ မီးဘေးသင့်ကျေးရွာ ၃ ရွာကပြည်သူတွေနဲ့ အဲ့ဒီရွာတွေရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုဖို့ အလှူငွေတချို့လှူတန်းခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ မနေ့ မနက် ၈ နာရီဝန်းကျင်မှာ အဲ့ဒီရွာတွေက ပြည်သူတွေကို “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်း ပြသပြီးတဲ့နောက် လှူဒါန်းငွေတွေ ပေးအပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအလှူငွေတွေဟာ Myingyan GZ group က ဦးဆောင်ပြုလုပ်တဲ့ “အညာလဲကူ၊ လက်ဆောင်ယူ” အစီအစဉ်က ရရှိတဲ့ မဲရောင်းရငွေတွေ ဖြစ်တယ်လို့ ကူညီလှူဒါန်းပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“Myingyan GZ groupက အညာလဲကူ၊ လက်ဆောင်ယူ မဲရောင်းရငွေနဲ့ လှူဒါန်းတာဖြစ်ပါတယ်။ မီးဘေးသင့်အိမ်တွေအတွက် တအိမ် ၅ သောင်းကျပ်နှုန်း လှူနိုင်ခဲ့ပါတယ်။ မူလတန်း၊ အလယ်တန်း ၊ အထက်တန်းအထိ သင်နေတဲ့ကျောင်းတွေကိုလည်း လှူနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

မီးဘေးသင့်အိမ်ခြေ ၃၁ လုံးအတွက် တအိမ်ကို ၅ သောင်းကျပ်နှုန်း၊ စာသင်ကျောင်း ၃ ကျောင်းအတွက် တကျောင်းကို ၅ သိန်းကျပ်၊ ကျန်းမာရေးကဏ္ဍအတွက် ၅ သိန်း ၇သောင်းကျပ်နှုန်းနဲ့ စုစုပေါင်း ကျပ် ၃၆ သိန်းကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Myingyan GZ groupဟာ အညာဒေသအတွက် အဓိကထားကူညီထောက်ပံ့နေတဲ့ ပြည်ပရောက်အဖွဲ့ အစည်းတခုဖြစ်ပြီး ရရှိရန်ပုံငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ပညာရေး၊ ကျန်းမာရေးနဲ့ စစ်ရှောင်တွေအတွက် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။