လကုန်ရက် အလှူရှင်မျှော်နေတဲ့ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်အပါ စစ်ရှောင် ၄၀၀ ကျော်

မကွေး၊ ဧပြီ ၁၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်ပွန်းခြုံရွာနဲ့ နီးစပ်ရာကျေးရွာ ၃ ရွာက စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

စစ်ရှောင်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင် ၃ ဦး၊ နို့တိုက်မိခင် ၃၀ ကျော်၊ မသန်စွမ်း ၉ ဦး နဲ့ နာတာရှည် ၂၀ ဦးတို့လည်း ရှိနေတဲ့အတွက် သူတို့နေထိုင်ဖို့ မပြည့်မစုံတဲ့ နေရာတခုကိုလည်း စီစဉ်ပေးထားရတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“စစ်ရှောင်နေရတာကတော့ ကင်ပွန်းခြုံရွာက တရွာလုံးနီးပါးပါပဲ။ လက်ရှိစားသောက်ဖို့ကလည်း ဝိုင်းလို့ဝန်းလို့ ရပါသေးတယ်။ ရက်ရှည်အတွက်ဆိုရင်တော့ အရာရာကို စိတ်ပူရပါတယ်။ ရက်ရှည်အတွက်ဆို ပံ့ပိုးမှုအားကောင်းဖို့ လိုပါတယ်။ ညီမတို့အလှူခံတာကလည်း ထင်သလောက် မရသေးပါဘူး။ လကုန်ရက်တွေမှာလည်း ရမလားဆိုပြီးတော့ မျှော်မိပါတယ်” လို့ ကြောက်လန့်ပြီး စစ်ဘေးရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကင်းပွန်းခြုံရွာက နေအိမ် ၁၂၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့လို့ ကင်ပွန်းခြုံရွာ ဒေသခံတွေနဲ့ အခြားရွာက ဒေသခံတွေဟာ ကြောက်လန့်ပြီး Mission 21–Magway ထံ သွားရောက်ခိုလှုံခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်ရှောင်ရတဲ့ထဲမှာ နားမကျန်းသက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေလည်း ပါနေတော့ သူတို့အတွက် ရေရှည်မှာ နေထိုင်ဖို့က အခက်အခဲရှိလာနိုင်တယ်။ ကျန်းမာရေးအတွက်ရောပေါ့။ အိမ်ပြန်ချင်ရင်တောင် သူတို့မှာ နေဖို့ အိမ်မရှိတော့ဘူးလေ” လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်မှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးကို တပ်ရင်းတွေနဲ့ ပြည်သူတွေက ကူညီစောင့်ရှောက်ပေးနေပေမဲ့လည်း ရေရှည်မှာတော့ အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုချိန်မှာ စစ်ရှောင်ဦးရေကလည်း များပြားနေတဲ့အတွက် နေရာခွဲထားဖို့ကိုလည်း ပြန်စီစဉ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ရှောင်ပြည်သူတွေကို လှူဒါန်းလိုပါက မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ Mission 21 – Magway page မှာ သွားရောက်လှူဒါန်းနိုင်ကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုထားပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။