တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့ကာ Non CDM တွေကို ခေါ်ထုတ်ပြီးနောက် မြို့ပြင်ထွက်ခွင့် ပိတ်လိုက်လို့ မြို့ခံတွေပိတ်မိနေ

0 16
0 16

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ပြီးနောက် မြို့ပေါ် ရှိ Non CDM ဝန်ထမ်းတွေကို ရှမ်းနီအမျိုးသားတပ်မတော်-SNA တပ်က ၎င်းတို့စိုးမိုးထားတဲ့ မြို့နယ် အနောက်ခြမ်းကို ခေါ်ထုတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ရဲ့ ကာကင်းစခန်းတွေ ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် Non CDM ဝန်ထမ်းနဲ့ မိသားစု ၂၀၀ ကျော်ကို စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ ကားတွေနဲ့ အသီးသီးပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။

“အနောက်ခြမ်းဘက်ပြောင်းနေလိုက်ပြီဗျ။ စကစလက်အောက်ခံ ဝန်ထမ်းတွေကိုလေ။ အနောက်ခြမ်း ကျတော့ ရှမ်းနီးက စိုးမိုးထားတာ။ မြို့ထဲကပြည်သူတွေကိုတော့ မြို့ပြင်ထွက်ခွင့်ပိတ်ထားတယ်။ ဝန်ထမ်းမိသားစုတွေကိုပဲပို့တာ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဗန်းမောက်ဒေသခံအမျိုးသားတဦး ကပြောပါတယ်။

စစ်ကော်မရှင်တပ်က ၎င်းတို့လက်အောက်ခံ ဝန်ထမ်းမိသားစုတွေကိုပါ နေရာရွေ့ပြောင်းပေးခဲ့ပေမယ့် မြိုခံပြည်သူတွေကိုတော့ ပြောင်းရွေ့တာလုပ်မပေးတဲ့အပြင် မြို့တွင်းကနေ မြို့ပြင်ပထွက်ခွင့်ကိုပါ စက်တင်ဘာ ၁၆ ရက်ကစလို့ ပိတ်ပင်လိုက်တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီကျော်မှာလည်း စစ်ကော်မရှင်တပ်က မြို့အနီး ကာကင်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ အထက်ပါအမျိုးသားကဆိုပါတယ်။

ဗန်းမောက်မြို့ပေါ်မှာ ၂၀၁၄ သန်းခေါင် စာရင်းအရ မြို့ပေါ်ရပ်ကွက် ၃ ခုရှိပြီး လူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့သိရပြီး စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဒ့ါအပြင် စစ်ရေးကြောင့်ဆိုကာ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ အင်းတော်-ဗန်းမောက် ဗျူဟာလမ်းအပါအဝင် တခြားကားလမ်းပိုင်းတွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။