ကိုရီးယားမှာ အညာသားတွေနဲ့ တိုင်းရင်းသားပေါင်းစုံက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

မြေလတ်အသံ၊ မတ် ၃၀၊ ၂၀၂၃။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က မြန်မာသံရုံးမှာ တပ်မတော်နေ့ တပ်ထောက်ခံပွဲလုပ်နေလို့ အညာသားတွေနဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။

ကိုရီးယားနိုင်ငံ မြန်မာသံရုံးနားက စစ်သမိုင်းပြတိုက်ရှေ့မှာ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ကျောင်းသားလူငယ်၊ အလုပ်သမားလူထုက ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီကနေ ၈ နာရီအထိ လူအင်အား ၅၀ လောက်နဲ့ မြန်မာ့အရေးကို ဆန္ဒထုတ်ဖော်ပြီး တပ်ထောက်ခံပွဲကို ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြည်တွင်းက ဒုက္ခမျိုးစုံ ခံစားနေရတဲ့ ပြည်သူလူထုအတွက် ကျနော်တို့ ပြည်ပမှာ ရောက်နေတာ နေသာသလိုမနေကြောင်း၊ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်တော်လှန်မည်ဖြစ်ကြောင်း၊ ရောက်တဲ့နေရာကနေ ဆန့်ကျင်နေကြောင်း ပြသတဲ့သဘောပါ” လို့ ကိုရီးယားနိုင်ငံရောက် အညာသားတဦးက ပြောပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။