မုံရွာခရိုင် PDFတပ်ရင်းတခုမှာ နိုင်ငံရေးတော်လှန်ရေးအရွေ့ဆိုင်ရာ ဟောပြောမှုပြုလုပ်

0 1
0 1

စစ်ကိုင်း၊ မတ် ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတခုမှာ စစ်ကိုင်းတိုင်းအတွင်း ပြည်သူလူထု၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို နိုင်ငံရေးအ‌သိပညာတွေ မျှဝေတဲ့လှုပ်ရှားမှုတခု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မတ်လ ၂၆ ရက်ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာခရိုင်PDFလက်အောက်မှာရှိတဲ့ PDF တပ်ရင်းတခုကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ နိုင်ငံရေးလမ်းပြမြေပုံနဲ့ COC ၂ ရပ်ကို ဟောပြောပို့ချခဲ့တယ်လို့ ဆိုပါတယ်။

“ဒီတော်လှန်ရေးမှာ ထောက်တိုင်အသီးသီးရှိကြတယ်။ ဒီထောက်တိုင်တွေအတူယှဉ်တွဲ သွားကြဖို့လိုအပ်တယ်။ အထူးသဖြင့်နိုင်ငံရေးနဲ့စစ်ရေးပေါ့။ ပထမတခုကရဲဘော်တွေအနေနဲ့ အင်တာနက်လိုင်းဖုန်းလိုင်း မရတဲ့အခြေနေမှာ လက်ရှိဖြစ်နေတဲ့တော်လှန်ရေးအခင်းအကျဉ်းတွေဘယ်လိုဖြစ်နေပြီလဲ၊ ဘာတွေလုပ်ဆောင်ကြမလဲဆိုတာ ပြန်မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာပါ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကိုပြောပါတယ်။

ဒါ့အပြင် ရဲဘော်တွေသွားချင်တဲ့ စနစ်အကြောင်းနဲ့ အဲ့ဒီစနစ်ကိုဖော်ဆောင်တဲ့အခါမှာ ပြည်သူကိုရှေးရှုဖို့၊ စစ်ရေးဆိုင်ရာကျင့်ဝတ်တွေရဲ့ အရေးကြီးပုံတွေကို မျှဝေလိုတဲ့ရည်ရွယ်ချက်နဲ့ ဟောပြောတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီလိုဟောပြောမှုတွေကို ၂၀၂၂ ခုနှစ်အစပိုင်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး မုံရွာခရိုင်နဲ့အနီးတဝိုက်က ဒေသကာကွယ်ရေးတပ်ရင်းတွေ စခန်းတွေအများအပြားကို အလှည့်ကျသွားရောက်ဟောပြောမှုတွေ လုပ်ဆောင်နေတာလို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။