နွားထိုးကြီးမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ရပ်ကျေးပကဖအဖွဲ့၀င် ၁ ဦးအပါ ၅ ဦးဒဏ်ရာရ

0 47
0 47

နွားထိုးကြီး၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရတယ်လို့ မကျီးကန်တိုက်နယ်ပကဖ ရပ်ကျေးတာဝန်ရှိသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် မနက် ၉ နာရီခွဲမှာ စစ်ကော်မရှင်ဘက်က စက်တပ်လေထီး ၅ စီးအသုံးပြုပြီး ကျေးရွာထဲကို ဗုံးသီး ၅ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။

“ရွာအရှေ့ဘက် ၂ လုံး။ ရွာထဲကို ၃ လုံး။ ရွာထဲကျချိန် ပြည်သူ ၄ ယောက်ဒဏ်ရာရတယ်။ ရပ်ကျေး ၁ ယောက်ဒဏ်ရာရတယ်။ ဒေါ်ပိုတို့ အိမ်ဝိုင်းထဲကို တည့်တည့်ကျတာ။ တဲတွေဘာတွေပျက်စီး၊ ကားတွေဆို စုတ်ပြတ်သတ်သွားတာ”လို့ မကျီးကန်တိုက်နယ်ပကဖရပ်ကျေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် ရပ်ကျေးပကဖအဖွဲ့ဝင် ၁ ဦး၊ အသက် ၆၀ အရွယ် ဒေါ်ပိုနဲ့ဦးလှတင့်၊ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး တို့ဟာ လက်၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ အစမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၂ လုံး၊ ကား ၁ စီးပျက်စီးပြီး နွား ၄ ကောင်သေဆုံးသွားတယ်လို့ သိရကာ ဗုံးကြဲခံရချိန် ကျေးရွာကို စစ်ကြောင်းထိုးနေတာမျိုး၊ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဩဂုတ် ၂ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ သန်းပင်လှကျေးရွာမှာ စစ်ကော်မရှင်ဘက်က Y12 နဲ့ လေကြောင်းကနေဗုံးကြဲခံရလို့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။