အင်အားရာကျော်ပါ စစ်ကြောင်းက တရော်ကျင်းရွာကို မီးရှို့နေ

0 23
0 23

ယင်းမာပင်၊ စက်တင်ဘာ ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းရွာကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၃ ရက် ဒီနေ့လယ် ၁၂ နာရီခန့်မှာ စတင်မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီခန့်ကနေ ထွက်လာတဲ့ စစ်ကြောင်းက လက်ရှိ တရော်ကျင်းရွာထဲမှာရှိနေပြီး ကျေးရွာအရှေ့ဘက်ခြမ်းက နေအိမ်ကို စတင် မီးရှို့နေတာလို့ သိရပါတယ်။

ပုံစာ – ၂၀၂၁ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း တရော်ကျင်းရွာကို စစ်တပ်က မီးရှို့ပြီးနာက် ဒေသခံတွေတိမ်းရှောင်နေကြစဥ်။ (ပုံဟောင်း)

“အခုလတ်တလော သိရတာက တရော်ကျင်းရွာရဲ့ အရှေ့ဘက်က နေအိမ်တွေကို မီးရှို့နေတယ်လို့ပဲ သိရသေးတယ်၊ စစ်ကြောင်းထိုးနေဆဲဆိုတော့ တိတိကျကျတော့ သတင်းမရသေးဘူး။”လို့ ဒေသတွင်း သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

တရော်ကျင်းရွာဟာ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ အထိုင်ချထားတဲ့ ဘန့်ဘွေးရွာရဲ့ အနောက်ဘက် ကပ်လျက်ရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ပုံစာ – ၂၀၂၁ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း တရော်ကျင်းရွာကို စစ်တပ်က မီးရှို့ပြီးနာက် ဒေသခံတွေတိမ်းရှောင်နေကြစဥ်။ (ပုံဟောင်း)

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ဒီကနေ့မနက်ပိုင်းမှာထပ်မံအင်အားဖြည့်တင်းထားပြီး ဘန့်ဘွေးရွာက ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းကာ အင်အား ၅၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

အဆိုပါ စစ်ကြောင်းကြောင့် တရော်ကျင်းရွာ၊ ကံစုရွာ၊ ချင်းတောင်ရွာ၊ ညောင်ငုတ်တိုရွာ၊ သကြားစက်ရွာ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၃,၀၀၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပုံစာ – ၂၀၂၁ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း တရော်ကျင်းရွာကို စစ်တပ်က မီးရှို့ပြီးနာက် ဒေသခံတွေတိမ်းရှောင်နေကြစဥ်။ (ပုံဟောင်း)

ဩဂုတ် ၁၅ ရက်ကလည်း တရော်ကျင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ကားသမားတွေကို ဖမ်းပြီး ငွေတောင်းတာ၊ တရော်ကျင်းရွာရှိ ပြည်သူပိုင်နေအိမ်တွေက ပစ္စည်းတွေကို ထော်လာဂျီနဲ့ သယ်ဆောင်သွားတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။