ငတရော်ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၃ ဦးသေဆုံး

0 48
0 48

ရေစကြို၊ ဩဂုတ် ၃၁၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ငတရော်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးပြီး အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ခံတွေ ဆီက သိရပါတယ်။

ဩဂုတ် ၃၁ ရက် ဒီနေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး‌တွေ ကြဲချတဲ့အပြင် ရော့ကတ်နဲ့ပါပစ်ခတ်တာကြောင့် နေအိမ် ၂ လုံးပျက်စီးပြီး ဒေသခံတွေသေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“ပေါင် ၃၀၀ ဗုံးသီးတွေလည်း ကြဲချတယ်၊ သေဆုံးသွားတာတော့ ၃ ဦးရှိတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ သေဆုံးတာက အမျိုးသမီး ၃ ဦးပါ၊ တိုက်ပွဲမရှိဘဲနဲ့ ဒီအတိုင်းလာကြဲသွားတာ၊ နေအိမ် ၂ လုံးလောက် ပျက်စီးသွားတယ်”လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

ငတရော်ရွာဟာ အိမ်ခြေ ၁,၀၀၀ နဲ့ လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ကျေးရွာတရွာဖြစ်ပြီး ခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အခုနှစ်မေ ၁၉ ရက်မနက်ပိုင်းကလည်း အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းက ငတရော်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။