ဒီရာသီ ပထမဆုံးနိုင်ပွဲကို ပင်နယ်တီနဲ့ ရရှိခဲ့တဲ့ ယူနိုက်တက် (အားကစားသတင်း)

0 16
0 16

မြေလတ်အသံ၊ ဩဂုတ် ၃၀၊ ၂၀၂၅။

ဒီနေ့ည ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ယူနိုက်တက်နဲ့ဘန်လေ ပွဲစဉ်မှာ ယူနိုက်တက်တို့ ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ဒီရာသီမှာ နိုင်ပွဲလုံးဝမရသေးဘဲ ပရီးမီးယားလိဂ် ၁ ပွဲရှုံး ၁ ပွဲသရေရလဒ်အပြင် EFL ဖလားပွဲမှာပါ ဂရင်မ်စ်ဘီ ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးခဲ့တဲ့ ယူနိုက်တက်က ဒီနေ့မှာတော့ အိမ်ကွင်း ၃ ဂိုး ၂ ဂိုး ရလဒ်နဲ့ နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါပြီ။

ဒီနေ့ပွဲစဉ်မှာတော့ ယူနိုက်တက်အတွက်ဂိုးတွေကို ကူလန်(OG)၊ အမ်ဘူမိုနဲ့ ဘရူနိုတို့က သွင်းယူခဲ့ပြီး ဘန်လေအတွက်ဂိုးတွေကိုတော့ ဖော်စတာနဲ့ အန်တိုနီ တို့က သွင်းယူပေးခဲ့တာပါ။

နည်းပြ အမိုရင်လက်ထက် ခြေစွမ်းတည်ငြိမ်မှုမရှိသေးတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲစဉ်မှာလည်း နိုင်ပွဲရရှိဖို့ ရုန်းကန်ခဲ့ရပြီး နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့သာ နိုင်ပွဲရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ပထမဆုံးနိုင်ပွဲရအပြီးမှာတော့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဆင့် ၉ အထိ ယာယီ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။