ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘီလူးစစ်ကြောင်းက အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်သေဆုံးဟုဆို

0 3
0 3

မြောင်၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာနဲ့သရက်သာရွာကြားမှာ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်ခန့် သေဆုံးခဲ့တယ်လို့ 27 Revolution Force အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းကစလို့ ညနေထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းဖြစ်တဲ့ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“နောက်ဆုံးပိတ် သူတို့အထိခိုက်များလို့ ဘယ်လောက်ထိလုပ်ရလဲဆို‌တော့ အမှိုက်တွေမီးရှို့ပြီး မီးခိုးမှိုင်းတွေတိုက်ပြီးတော့ ဆုတ်ပြေးရတဲ့အဆင့်ထိ ဖြစ်သွားတာ၊ စစ်ကြောင်းမှူးကိုယ်တိုင် သေတယ်။ သူ့အောက်က ဗိုလ်အဆင့်ရှိတဲ့သူလည်း သေတယ်လို့ သိရတယ်” လို့ 27 Revolution Force အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်ကြောင်းမှူးအပါအဝင် ၁၉ ယောက် ကျတယ်လို့ အတည်ပြုထားနိုင်ပြီး တပ်သားအလောင်းတွေကိုတော့ မီးရှို့ထားခဲ့ပြီး တပ်ကြပ်ကြီးမြင့်ကျော်ရဲ့အလောင်းကိုတော့ သရက်သာရွာရဲ့ စာသင်ကျောင်းထဲမှာ မြှုပ်ထားခဲ့လို့ ကာကွယ်ရေးအဖွဲ့တွေက ပြန်တူးဖော်ပြီး မီးရှို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အရာရှိအဆင့်ရှိသူရဲ့အလောင်းကိုတော့ အအေးခေါင်းနဲ့ထည့်ထားပြီး ဒီကနေ့မနက် ၃ နာရီလောက်က အအေးခေါင်းထဲကနေထုတ်ကာ ထမ်းစင်နဲ့ သေချာထုပ်ပိုးပြီး လူ ၄ ယောက်ထမ်းကာ ချောင်းဦးဘက်ကို သယ်သွားတယ်လို့ ‌သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။