စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာဒေသခံတွေကို PDF ကထောက်ပံ့ကူညီပေး

0 7
0 7

ပုလဲ၊ မတ် ၂၂၊ ၂၀၂၃။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတချို့ရှိ ဒေသခံတွေကို ပုံတောင် TIGER PDF တပ်ခွဲ-၂ က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေအတွက် ယာယီအိမ်ဆောက်ဖို့အတွက် သစ်၊ ဝါး၊ ရိက္ခာနဲ့ အဝတ်အစားတွေ ထောက်ပံပေးတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်တာတွေလည်း လုပ်ပေးနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံ ကိုမျိုးဇော်က ယနေ့ မတ်လ ၂၂ ရက်နေ့မှာ မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေထဲကနေ တတ်နိုင်သလောက် ကူညီပေးတာပါ။ ဖေဖော်ဝါရီလထဲမှာ စပြီးကူညီပေးတာ။ ဆန်၊ ဆီနဲ့ အဝတ်အစား၊ ယာယီအိမ်ဆောက်ဖို့ မျှောနဲ့ဝါးရယ်နောက်ပြီး တပ်ရင်းက ရဲဘော်/မေ တွေက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးတာတွေလည်း အခါအားလျော်စွာနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးနေပါတယ်” လို့ ကိုမျိုးဇော်က ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာရှိတဲ့ ကမ်းဒေါင့်၊ ကိုးပင်၊ ကြောင်ဝန်ဒူး၊ သရက်ကံ၊ သရက်လှ၊ ရွာသစ် အဲဒီကျေးရွာတွေကို ရဟတ်ယာဥ်နဲ့ လာရောက်ချထားသွားတဲ့ ခြေလျင်စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ကျေးရွာတွေကို မျှော၊ ဝါးတွေ ပေးပို့ရာမှာ ပျူတွေရွာနဲ့နီးလို့ လုံခြုံရေးနဲ့ပေးပို့ရပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အလှူရှင်တွေရဲ့ အကူအညီများ လိုအပ်နေတဲ့အတွက် ကြိုးစားရှာဖွေနေရတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။