myaelatt athan

Sharing Information to the Local

ပဲခူးမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ခံနေ

0 2
0 2

ပဲခူး၊ မတ် ၂၀၊ ၂၀၂၃။

ပဲခူးမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ အပေါင်းအပါတွေက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် မတ်လ ၁၈ ရက်နေ့မှာ ငွေကြေးတွေ စတင်ကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သင်္ကြန်မှာ ကပြဖျော်ဖြေမယ့် ယိမ်းအဖွဲ့တွေကို ကျွေးမွေးဧည့်ခံဖို့အတွက် ရပ်ကွက်ကြီး ၁၅ ခုထက်မနည်းရှိတဲ့ ပဲခူးမြို့ပေါ်က နေအိမ်တွေကနေ တအိမ် ၁၀၀၀ ကျပ် မထည့်မနေရဆိုပြီး ရာအိမ်မှူးနဲ့နောက်လိုက် ၂ ယောက်က လိုက်လံကောက်ခံနေတယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“အမေစုခေတ်တုန်းကတော့ စေတနာရှိသလောက်ပဲ ထည့်ရတယ်။ မထည့်လည်း ရတယ်။ အခုက မရဘူး။ အိမ်တိုင်း ထည့်ရတယ်။ သင်္ကြန်မှာ စည်ကားဖို့အတွက်နဲ့ စတုဒီတာကျွေးဖို့ဆိုပြီး လာကောက်တယ်။ နှစ်နှစ်ရှိပြီ အခုလိုကောက်တာ။ ပြီးရင် မဏ္ဍပ်တွေမှာ သူတို့လူတွေကြီးပဲ ရှိတယ်” လို့ ဆိုပါတယ်။

ဒီနှစ်သင်္ကြန်မှာ ဌာနဆိုင်ရာဝန်ထမ်းသားသမီးတွေက ယိမ်းအဖွဲ့ဖွဲ့ပြီး သင်္ကြန်ယိမ်းအကတွေကို ဗဟိုမဏ္ဍပ်မှာ ကပြရမှာဖြစ်သလို Non CDM ဝန်ထမ်းတွေကလည်း မဏ္ဍပ်တွေဆီကို မဖြစ်မနေ လာရမယ်လို့လည်း မြို့ခံက ဆက်ပြောပါတယ်။

“ဗဟိုမဏ္ဍပ်ကို ပဲခူးပြည်သူ့ဆေးရုံရှေ့မှာ ဆောက်တယ်။ ပဲခူးလုပ်ငန်းရှင်တွေကို စပွန်ဆာပေးခိုင်းတယ်။ စစ်တပ်တွေရဲ့ သားသမီးတွေအကုန် သင်္ကြန်အကတွေ ကရတယ်။ နောက်ပြီး ဒီနှစ်က Non CDM တွေလည်း အကုန်ပါဝင်ရတယ်။ ဒီနှစ်သင်္ကြန်ကို လမ်းလျှောက်သင်္ကြန်ပဲ လုပ်မယ်လို့လည်း ကြားနေရတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်အတက်နေ့တုန်းကလည်း ပဲခူးမြို့ဗဟိုမဏ္ဍပ်မှာ အသံဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။