myaelatt athan

Sharing Information to the Local

စစ်ကောင်စီ အရာရှိသင်တန်းကျောင်း လက်နက်ကြီးနဲ့ ပစ်ခံရ

0 2
0 2

တောင်ငူ၊ မတ် ၁၈၊ ၂၀၂၃။

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ သံတောင်မြို့၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ကို မတ်လ ၁၇ ရက် တရက်တည်း လက်နက်ကြီးနဲ့ ၂ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မနေ့က မနက် ၈ နာရီနဲ့ ညနေ ၅ နာရီတို့မှာ တကြိမ်ကို ၂လုံးစီ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကို KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“ပထမအကြိမ်ကတော့ သူတို့ဆီကို မကျဘူး။ ညနေပိုင်းပစ်တဲ့ ၂ချက်လုံး သူတို့ဆီကို ကျတယ်။ ထိခိုက်မှုရှိ မရှိကတော့ စုံစမ်းရခက်လို့ မသိရသေးဘူး” လို့ မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၁၂၀ မမ စိန်ပြောင်းနဲ့ တနေကုန်ပြန်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ဟာ စစ်ကောင်စီ အရာရှိငယ်များအတွက် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းတွေ ဖွင့်လှစ်ရာ သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့မှာလည်း အလားတူသင်တန်းကျောင်းတစ်ခုရှိပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။