myaelatt athan

Sharing Information to the Local

မီတာဖတ်သွားတဲ့ စစ်ကောင်စီ EPC ဝန်ထမ်း ပေ ၂၀၀ နက်တဲ့ ချောက်ထဲပြုတ်ကျ

ရေနံချောင်း၊ မတ် ၁၈၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်း ၁ ဦး မတ်လ ၁၇ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင်က ပေ ၂၀၀ ခန့်နက်တဲ့ ချောက်ထဲကို ပြုတ်ကျသွားလို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောက်ထဲပြုတ်ကျသူဟာ ရေနံချောင်း စစ်ကောင်စီ EPC ရုံးက မီတာဖတ်စာရေး မောင်မောင်ခ ဆိုသူဖြစ်ပြီး မီတာဖတ်ဖို့ သွားရောက်စဉ် ငွေဘုံသာရွာ၊ သစ်တပွေရပ်ကွက်က ဒေသအခေါ် ဖူးစာကုန်းကနေ ပေ ၂၀၀ လောက်နက်တဲ့ ချောက်ထဲကို ခြေချော်ပြုတ်ကျသွားတာလို့ ဒေသခံတဦးက‌ မြေလတ်အသံကို ပြောပါတယ်။

“မီတာဖတ်ဖို့ သွားနေတုန်း ဖူးစာကုန်းပေါ်ကနေ ခြေချော်ပြုတ်ကျသွားတာလို့ သိရတယ်။ အဲဒါကို ချောက်ထဲကိုဆင်းပြီး ခက်ခက်ခဲခဲနဲ့ မီးသတ်နဲ့ပရဟိတအဖွဲ့တွေ သွားကယ်ရတယ်” လို့ ပြောပါတယ်။

ချောက်ထဲပြုတ်ကျခဲ့တဲ့ EPC စာရေးကို အချိန် ၂ နာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရပြီး ခြေ၊ လက်နဲ့ ခန္ဓာကိုယ်တွေမှာ ပွန်းပဲ့နာကျင်ဒဏ်ရာတွေ ရရှိခဲ့ကာ အသက်သေဆုံးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်ဆိပ်ကမ်းမှာ ကလေးငယ် ၄ ဦး ရေနစ်သေဆုံးခဲ့လို့ ဒေသတွင်းပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။