myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ မိုင်းထိလို့ သံဃာ ၁ ပါးဒဏ်ရာရ

ကန့်ဘလူ၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီးမှာ မိုင်းနင်းမိပြီး သံဃာ ၁ ပါး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်ညနေ ၆ နာရီခန့်မှာ ချပ်ကြီးကျေးရွာရှိ ညောင်တုန်းဘုန်းကြီးကျောင်းမှ ဆရာတော်ဥူးသောဘနဟာ ချပ်ကြီးကျေးရွာအနောက်ဘက်ကို ခြေလျင်လမ်းလျှောက်သွားချိန် မိုင်းထိခဲ့တာလို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီရွာက ပျူရွာ။ အဲရွာနားက ဘယ် PDF အဖွဲ့မှ ကပ်ဖို့မလွယ်ဘူး။ သူတို့ရွာကို PDF တွေ မလာနိုင်အောင်ဆိုပြီး ရွာပတ်လည်မှာ မိုင်းထောင်ထားတာ။ ခု သံဃာတော်တပါး မိုင်းထိတဲ့ကိစ္စက သူတို့ထောင်ထားတဲ့မိုင်းပဲ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဒီမိုင်းတွေကို ချပ်ကြီးကျေးရွာရှိ ပျူစောထီးတွေက ထောင်ထားတာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုင်းထိလို့ ဆရာတော်ဟာ ဝဲဘက်ခြမ်း ခြေကျင်းဝတ်ပြတ်ထွက် ဒဏ်ရာရသွားတာကြောင့် ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ချပ်ကြီးကျေးရွာဟာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ ကျေးရွာ ၁ ရွာဖြစ်ပြီး၊ အနည်းဆုံးအင်အား ၂၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၂ ရက်မနက် ၅ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်နဲ့ပျူအင်အား ၆၀ ကျော်ရှိတဲ့ ချပ်ကြီးရွာကို KB2 တပ်ရင်းနဲ့ ဒေသ ပကဖ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ပျူစောထီးစခန်းကို သိမ်းနိုင်ခဲ့ပြီး ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ ၄၀ ကျော် သေဆုံးခဲ့သလို ဒေသကာကွယ်ရေးတွေဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ကိုင်တဲ့ လက်နက် ၁၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။