ဆင်ဖြူကျွန်းမှာ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါ ၂ ဦးဒဏ်ရာရ

0 36
0 36

ဆင်ဖြူကျွန်း၊ ဩဂုတ် ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်းအနီးမှာ အထိုင်ချတပ်စွဲနေတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ အင်အား ၇၀ ရှိ စစ်ကောင်စီတပ်တွေက သြဂုတ် ၁၅ ရက် ည ၁၀ နာရီကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ရာ ဒေသခံတွေကို ထိမှန်ဒဏ်ရာရခဲ့တာပါ။

“ပထမ ၁ လုံးက သရက်ချဉ်ရွာနဲ့ မိုးဝန်းရွာကြားက သံတိုသံစဝယ်တဲ့ဆိုင်ဘေးကျပြီးတော့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး လက်ထိသွားပါတယ်၊ လက်ထိသွားတဲ့ လူနာကို ဆင်ဖြူကျွန်းဆေးရုံပို့တော့ ဆေးရုံက မကွေးကိုလွှဲပါတယ်၊ လက်ဖြတ်ရမယ်လို့လည်း ကြားပါတယ်။”လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

ဗုံးစထိမှန်ဒဏ်ရာရသူတွေဟာ သရက်ချဥ်ရွာက စာကျက်နေတဲ့ အသက် ၁၃ နှစ်အရွယ် မသဲသဲတုံနဲ့ သရက်ချဥ်ရွာနဲ့ မိုးဝန်းရွာကြားရှိ ပလုံဆိုင်က အသက် ၃၀ အရွယ် ကိုအေးမောင်တို့ ထိခိုက်ဒဏ်ရာရခဲ့ကာ သူကတော့ ဒဏ်ရာစိုးရိမ်ရတာကြောင့် မကွေးဆေးရုံကိုပို့ထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁၀ ရက်ကတည်းက ရွာသစ်ဘုန်းကြီးကျောင်းအနီးမှာ တပ်စွဲနေတာဖြစ်ပြီး ညတိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်လုပ်လေ့ရှိတယ်လို့လည်း ဆင်ဖြူကျွန်းမြို့ခံတဦးဆီက သိရပါတယ်။

ရွာသစ်ဘုန်းကြီးကျောင်းနဲ့ ၁ မိုင် အကွာ ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ရွာမှာလည်း စစ်ကောင်စီတပ်က အထိုင်ချပြီး လက်နက်ကြီးတွေ ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။