myaelatt athan

Sharing Information to the Local

ကန့်ဘလူ၊ နဂါးပေါ်ရွာက အုပ်ကြီးအပါအဝင် ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

ကန့်ဘလူ၊ မတ် ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နဂါးပေါ်ကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီး ၂ ဦး စုစုပေါင်း ၃ ဦး ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့ည ၉ နာရီကျော်ခန့်မှာ နဂါးပေါ်ရွာနေ ပျူစောထီး ထွန်းညွှန့် (၃၂ နှစ်) နဲ့အတူ နေအိမ်မှာရှိနေတဲ့ ပျူစောထီး ဦးအုန်းကြိုင် (၅၂ နှစ်) နဲ့ အုပ်ကြီး ဇော်အောင် (၅၀ နှစ်) ကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ကန့်ဘလူ ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“သွားရှင်းတုန်းကတော့ ထွန်းညွန့်နဲ့ အုန်းကြိုင်ကို ဝင်ရှင်းတာ။ ဖြစ်ချင်တော့ အုပ်ကြီးကလည်း ရှိနေတာ။ အုပ်ကြီးက ရွာကိုတော့ နည်းနည်းငဲ့တယ်။ ပျူရွာဖွဲ့ခိုင်းတာကို သူက မလုပ်တာ။ ၃ ယောက်စလုံးက သေနတ်ကိုင်တာ။ သူက စကစခန့်အုပ်ကြီးဆိုတော့ ပါသွားတာပေါ့” လို့ ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းချိန်မှာ အုန်းကြိုင် ဆိုသူဟာ ထွက်ပြေးတာကြောင့် ကျေးရွာသုသာန်အနီးမှာ ထပ်မံပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံရလို့ ထွန်းညွန့်နဲ့ အုပ်ကြီးဇော်အောင်ဟာ ထွန်းညွန့်နေအိမ်မှာ သေဆုံးသွားပြီး အုန်းကြိုင်ဆိုသူကတော့ ရွာသုသာန်နားမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးနဲ့အဖွဲ့ ရှင်းခံရပြီးနောက် မတ်လ ၁၁ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာထဲကို ရောက်လာပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာ PDF မိသားစုဝင်တွေလို့ ထင်တဲ့ ပြည်သူတွေကို စာရင်းမှတ်သွားတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကြည်လွင်နဲ့ သတင်းပေး ခင်မောင်သိန်းဆိုသူဟာလည်း ရှင်းလင်းခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။