myaelatt athan

Sharing Information to the Local

စစ်အုပ်စုကို ဆက်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ပဲခူး၊ မတ် ၁၁၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ စစ်ကောင်စီအတွက် ဆက်ကြေးကောက်ပေးနေတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် သရက်ကုန်းရွာသား ဦးတင်မြင့်ဖြစ်ပြီး မတ်လ ၁၀ ရက်မနေ့ကမနက် ၇ နာရီ ၃၀ မိနစ်လောက်က သရက်ကုန်းစျေးထဲမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကဝမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ဘက်က စကစ ဘက်ကလူတွေကို ရှင်းတော့မယ်ဆိုရင် သေချာစိစစ်ပြီးမှ ရှင်းတာဖြစ်တယ်။ နံပါတ်စဥ်ပြီးမှ ဘယ်သူကို အရင်ရှင်းရမလဲဆိုတာ လုပ်ပါတယ်။ ခုက တင်မြင့်က ရှင်းရမယ့် သူတွေထဲက တယောက်ဖြစ်လို့ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးတင်မြင့်ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး၊ ပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေ ရောက်လာကာ လမ်းပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သရက်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် အမြဲတမ်းတပ်စွဲထားပြီး အုပ်ချုပ်‌ရေးမှူး၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးလျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ဦးတင်မြင့်ဟာ သရက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အခြားကျေးရွာတွေကို ဆိုင်ကယ်နဲ့လှည့်လည်ရာမှာ ကိုယ်တိုင်သေနတ်လွယ် ဆိုင်ကယ်မောင်းပြီး နေ့ရောညပါ သတင်းပေး လမ်းပြပြုလုပ်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သူဟာ သရက်ကုန်းကျေးရွာ ဈေးနဲ့ လောင်းကစားဒိုင်ဆီကနေ ဆက်ကြေးကောက်ခံပြီး စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးမှူးဆီကို ဆက်ကြေးပေးသွင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး သေနတ်ပစ်ဖောက် လေ့ကျင့်တာ၊ ပြည်သူတွေကို ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်တာ၊ မတရားစွပ်စွဲပြီး ဖမ်းဆီးထောင်ချခိုင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်းကို စုံစမ်းပေးပို့တာတွေ ကျူးလွန်ဆောင်ရွက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်ကလည်း ကဝမြို့၊ အမှတ် ၃ ရပ်ကွက် လဝကရုံးအနီးမှာ ကဝမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။