အင်းတော်မှာ စစ်ကောင်စီက ဆွမ်းချိုင့်ပို့တဲ့ ဘုန်းကြီးဆိုင်ကယ်တွေကို ဖမ်းဆီးထား

0 4
0 4

အင်းတော်၊ မတ် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကျေးရွာလမ်းစုံမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခရီးသွားနေတဲ့ ပြည်သူတချို့ကို သံသယရှိလို့ဆိုပြီး သူတို့ရဲ့လက်ကိုင်ဖုန်း ၈ လုံးကို သိမ်းသွားတဲ့အပြင် ရဟန်းတွေကို ဆွမ်းချိုင့်ပို့နေတဲ့ ဆိုင်ကယ် ၆ စီးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၇ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ နီးပါးနဲ့ နဘားကျေးရွာ လမ်းဆုံမှာ အထိုင်ချထားပြီး လမ်းသွားလမ်းလာပြည်သူတွေဆီကနေ မတရားငွေကြေးကောက်ခံမှုတွေ ပြုလုပ်ပြီး သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကိုလည်း ပြန်လည်ပေးဆောင်တာမျိုး မရှိကြောင်းကိုလည်း Indaw Revolution (IR) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ခရီးသွားသူတွေဆီက ဖုန်းတွေ သိမ်းတယ်။ ထားခဲ့ရမယ်ဆိုပြီး ပြောတယ်။ ပြီးတော့ ပြန်မပေးဘူး။ အဖမ်းခံရတဲ့ ဆိုင်ကယ် ၆ စီးကလည်း နဘားရွာ စမော်တောင်မှာ ဆွမ်းချိုင့်ပို့နေတဲ့ ဘုန်းကြီးတွေရဲ့ဆိုင်ကယ်ပါ။ အခုထိလည်း ဆိုင်ကယ်တွေ ပြန်မရသေးပါဘူး” လို့ ဆိုပါတယ်။

PDF ဟန်ဆောင်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်းတော်မြို့နယ်ထဲက နားရခေါင်ရွာ နဲ့ နဘားရွာတွေကို တလှည့်စီဂိတ်ချပြီး ငွေကြေးကောက်ခံနေသလို ကောက်ခံရတဲ့ငွေကြေးနဲ့ ဆိုင်ကယ်တွေကို အင်းတော်မြို့ပေါ်ကို ပြန်လည်ယူဆောင်သွားတယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

“ခရီးသွားတွေက အခုမှ စစ်**လို့သိတာ။ အရင်ရက်တွေတုန်းကဆို ရွာသားတွေက သူတို့ကို PDF လို့ထင်နေတာ။ သူတို့ပုံစံက စစ်ကောင်စီနဲ့မတူဘဲ PDF ပုံစံမျိုး၊ ယူနီဖောင်းတွေကအစ PDF တွေဝတ်ထားတဲ့ ယူနီဖောင်းပုံစံတွေလိုမျိုး ဝတ်ထားကြတာ။ ခရီးသွားတွေဆီကနေ သိမ်းထားတဲ့ ပစ္စည်းတွေကိုလည်း သုံးဘီးဆိုင်ကယ်တွေနဲ့ အမျိုးသမီးတွေက လာယူသွားကြတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ PDF ဟန်ဆောင်ပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတာဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းက စတင်ခဲ့ပြီး ဒီနေ့အထိလည်း ကောက်ခံနေဆဲဖြစ်ကာ ဂိတ်နောက်မှာလည်း ဗုံးခိုကျင်းတူးထားပြီး လုံခြုံရေးတွေယူထားတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။