ABSDF ရဲ့တပ်ရင်း ၁၂ အပတ်စဥ် ၃ သင်တန်းဆင်း

0 6
0 6

မြေလတ်အသံ၊ မတ် ၉၊ ၂၀၂၃။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF အမှတ် ၁၂ တပ်ရင်း အပတ်စဥ် ၃ စစ်အခြေခံသင်တန်းဆင်းပွဲကို တပ်ရင်းအခြေစိုက်ရာ စစ်ကိုင်းတိုင်းအတွင်းက ယောဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

မတ်လ ၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်ကာ အမျိုးသမီးရဲမေအပါ သင်တန်းသား ၃၁ ဦး တက်ရောက်ခဲ့ကြပြီး၊ နောက်ထပ်သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာခဲ့တဲ့ ABSDF အနေနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မျိုးဆက်တွေကို ပုခုံးပြောင်းတာဝန်တွေပေးအပ်ခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။