myaelatt athan

Sharing Information to the Local

မုံရွာမှာ စည်ပင်အမှိုက်ကားနဲ့အတူ ယာဥ်မောင်းအပါ ၄ ဦး ပျောက်ဆုံးနေပြီး ပြန်မတွေ့သေး

0 29
0 29

မုံရွာ၊ သြဂုတ် ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီလက်အောက် စည်ပင်သာယာဌာနက မြို့တွင်းအမှိုက်သိမ်းနေတဲ့ ကား ၁ စီး၊ ယာဥ်မောင်း ၁ ဦး နဲ့ အမှိုက်သိမ်းဝန်ထမ်း ၃ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၉ ရက် ယမန်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က မုံရွာမြို့၊ ကျောက္ကာလမ်းကနေ သာစည်လမ်းအကူးစပ်ကြားမှာ မြို့နယ်စည်ပင်ပိုင် SKAT အမျိုးအစားအမှိုက်ကားနဲ့ ယာဥ်မောင်းဖြစ်သူ ဦးနိုးနိုး၊ ယာဥ်နောက်လိုက် အမှိုက်သိမ်းလုပ်သား ၃ ဦးတို့ ပျောက်ဆုံးသွားပြီး အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

” မနေ့က ဖြစ်ဖြစ်ချင်း အဲ့ကားမောင်းသူနဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကို စစ်စရာရှိတာတော့ စစ်ဆေးပြီးသွားပြီလို့ ကြားတယ်။ သက်ဆိုင်ရာလူကြီးတွေလည်း ရဲတိုင်ရုံးတိုင်တော့ လုပ်ထားကြတာပဲ။ ဘာမှတော့ မထူးသေးဘူး”လို့ မုံရွာမြို့နယ်စည်ပင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေက မနေ့မနက် ၁၁ နာရီလောက်မှာ မုံရွာ၊ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် သြဂုတ် ၁၀ ရက် ဒီကနေ့မနက်ပိုင်းအထိ ပျောက်ဆုံးသွားတဲ့ အမှိုက်ကား၊ ယာဥ်မောင်းနဲ့ အလုပ်သမားတွေရဲ့ သတင်းတစုံတရာ မသိသေးရသေးဘူးလို့လည်း ဆိုပါတယ်။

စည်ပင်အမှိုက်ကားပျောက်ဆုံးပြီးနောက် အခင်းဖြစ်ပွားခဲ့တဲ့ မုံရွာမြို့ပေါ် ကျောက္ကာလမ်းမကြီးနဲ့ သာစည်လမ်းမကြီးဘေးက ရပ်ကွက်လမ်းကြားတွေမှာ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေနဲ့ ကင်းပတ်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေအတွင်းကို စည်ပင်အမှိုက်ကားတွေ မလာတော့တာကြောင့် နီးစပ်ရာအမှိုက်ပုံးရှိတဲ့ဆီကိုသာ မြို့ခံတွေက သွားရောက်အမှိုက်ပစ်ကြရပြီး အဲ့ဒီအမှိုက်ပုံးထဲက အမှိုက်တွေကိုပဲ စည်ပင်ကားနဲ့ လာရောက်သိမ်းယူကြတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။