myaelatt athan

Sharing Information to the Local

အင်အားရာကျော်ပါစစ်ကြောင်းက ကျောက္ကာမြောက်ရွာကိုမီးရှို့ပြီး ရွာထဲမှာတပ်စွဲနေ

မုံရွာ၊ သြဂုတ် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက သြဂုတ် ၈ ရက် ညနေပိုင်းမှာ ကျောက္ကာမြောက်ရွာကိုဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမြောက်ကား ၂ စီး၊ လူအင်အား ၁၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်ကနေ ကျောက္ကာလမ်းအတိုင်းလာချိန် ညနေ ၅ နာရီဝန်းကျင်မှာ ရွာထဲကနေအိမ်နဲ့ စျေးဆိုင်ခန်းတွေကို စတင်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်းက မနေ့ကတည်းက ဒီနေ့ထိ ကျောက္ကာမှာရှိနေတုန်း၊ လောလောဆယ် စစ်ကြောင်းထိုးနေတာ ဆိုတော့ ဇလုပ်ကနေ ကျောက္ကာအထိလမ်းပိုင်း အသွားလာမရှိဘူး၊ စစ်သားတွေက လမ်းတလျောက် ကင်းပုန်းထားခဲ့တယ်လို့လည်း သတင်းရတယ်”လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းလာရာလမ်းတလျောက်က ကျေးရွာတွေကိုလည်း ဆက်တိုက်စစ်ကြောင်းထိုးခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေရှိပြီး မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ ကျောက္ကာမြောက်ရွာကိုဝင်ပြီး ညနေ ၅ နာရီလောက်မှ စတင်မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းက ကျောက္ကာမြောက်ရွာရှိ ဒေသခံနေအိမ်တွေ၊ စားသောက်စရာတွေနဲ့ ပစ္စည်းတွေကို ယူပြီး ရွာထဲမှာပဲတပ်စွဲနေတာကြောင့် မီးလောင်ပျက်စီးဆုံးရှုံးတဲ့အရေအတွက်ကို မသိရသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

စစ်ကြောင်းကြောင့် ကျောက္ကာမြောက်ရွာနဲ့ တောင်ရွာ၊ ရွာတုံ၊ ထန်းနောင်းဝန်း၊ ရေကန်စု စတဲ့ကျေးရွာက ဒေသခံ ၆,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။