myaelatt athan

Sharing Information to the Local

စစ်ကြောင်းကိုတိုက်ခိုက်ရင်း ပခုက္ကူခရိုင် တပ်ရင်း ၂ က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

0 44
0 44

မြိုင်၊ ဩဂုတ် ၉၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နတ်ဦးယာဉ်ကျေးရွာအနီး ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်ရင်း တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။

ကျဆုံးခဲ့သူဟာ ပခုက္ကူခရိုင်တပ်ရင်း ၂ က တပ်ဖွဲ့ဝင် အသက် ၂၂ နှစ်အရွယ် ဇော်ခိုင်(ခ)ဘီလူးဖြစ်ပြီး ဩဂုတ် ၆ ရက်မှာ ရိက္ခာစစ်ကြောင်းကိုတိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ ဗုံးသီးစ ထိမှန်ကျဆုံးခဲ့တာလို့ လို့ ဆိုပါတယ်။

“ပေါက်မြို့နယ်၊ နတ်ဦးယာဥ်ကျေးရွာအနီးမှာ တပ်မ ၁၀၁ လက်အောက်ခံတပ် ရိက္ခာပို့စစ်ယာဥ်တန်းနဲ့ ထိတွေ့မှုဖြစ်ပြီး ၄၀ မမ ဗုံးသီးစမှန်ပြီး ကျသွားတာပါ” လို့ အမှတ် ၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တပ်ဖွဲ့ဝင် ဇော်ခိုင် (ခ) ဘီလူးရဲ့ ဈာပနအခမ်းအနားကိုတော့ ဩဂုတ် ၈ ရက်က မြိုင်မြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို တပ်ရင်းတာဝန်ရှိသူတွေနဲ့ စစ်ကြောင်းကတာဝန်ရှိသူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေအတွင်း ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။