myaelatt athan

Sharing Information to the Local

လေကြောင်းအန္တရာယ်ကြားက ယင်းမာပင်သပိတ်အင်အားစုတွေရဲ့ ၈ လေးလုံးအခမ်းအနား

မြေ​လတ်အသံ၊ သြဂုတ် ၈၊၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက ၈ လေးလုံး အရေးတော်ပုံ ၃၇ နှစ် ပြည့်အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် သပိတ်အင်အားစုတွေက ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၈ ရက်ဟာ ၈ လေးလုံးအရေးတော်ပုံ ၃၇ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး ယင်းမာပင်ကြားကာလစာသင်ကျောင်းတွေက ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေ၊ သပိတ်ကော်မတီဝင်တွေ ပူးပေါင်းခဲ့ကြတာလို့ဆိုပါတယ်။

” လေကြောင်းက ပါရာမော်တာ ၁ ကြိမ်၊ Mi 17 ၂ ကြိမ်ဝဲတယ်။ ဗုံးခိုကျင်းထဲ ဝင်ရတဲ့အထိပဲ။ အခမ်းအနားပြီးအောင်တော့ လုပ်​​ဆောင်နိုင်ခဲ့တယ်။”လို့ ယင်းမာပင်မြို့နယ်သပိတ်အင်အားစုကော်မတီဝင် CDM ဆရာမတဦးက မြေလတ်အသံကို ပြောပါတယ်။

အခမ်းအနားမှာ လူအများလေ့လာနိုင်စေဖို့ ၈ လေးလုံးအရေးအခင်း ဓာတ်ပုံမှတ်တမ်းတွေကိုပြသထားပြီး ထီး၊ရေအိုးတွေမှာ ၈၈၈၈ ရေးဆွဲဖော်ပြတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၈ လေးလုံးအောက်မေ့ဖွယ်အခမ်းအနားကို အစီအစဥ် ၉ ခုနဲ့ ကျင်းပခဲ့ပြီး သပိတ်ကော်မတီဝင်တွေ ဆရာနဲ့ကျောင်းသားတွေက သပိတ်အကြောင်းဟောပြောတာ၊ ကဗျာရွတ်တာတွေ စတဲ့အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်လူထုလှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ယင်းမာပင်၊ ဆားလင်းကြိီး၊ ဝက်လက်၊ စစ်ကိုင်းနယ်တွေအပြင် အခြားမြို့နယ်များမှာလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။