myaelatt athan

Sharing Information to the Local

မြင်းခြံမှာ PDF ရှေ့တန်းစခန်း ၂ ခုကို စစ်ကောင်စီတပ်တွေဖျက်ဆီး

0 132
0 132

မြင်းခြံ၊ ဩဂုတ် ၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာနဲ့ သမုန်းကိုင်းကျေးရွာတွေက ဒေသကာကွယ်ရေးတပ်တွေရဲ့ ရှေ့တန်းစခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းဖျက်ဆီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သြဂုတ် ၆ ရက်မှာ စံပြကျေးရွာက တော်လှန်ရေးတပ်စခန်းနဲ့ သြဂုတ် ၇ ရက်မှာ စံပြကျေးရွာနဲ့ ၂ မိုင်အကွာ သမုန်းကိုင်းရွာကတော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းစခန်းဖျက်ဆီးခံရတာလို့ သိရပါတယ်။

“လောလောဆယ်က ပွဲကတော့ အရှေ့မှာဘဲရှိသေးတယ်။ သမုန်းကိုင်းဘက်ကတော့ ပေးလိုက်ရတယ်။ ဘုရားကုန်းဘန်ကာကပေးလိုက်ရတယ်။ စံပြဘက်က ဘန်ကာလည်းပေးလိုက်ရတယ်။ လောလောဆယ်က ရင်ဆိုင်ထားဆဲ” လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်များဝင်ရောက်ဖျက်ဆီးနေစဥ်။ (စစ်ကောင်စီတယ်လီဂရမ်)
ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်များဝင်ရောက်ဖျက်ဆီးနေစဥ်။ (စစ်ကောင်စီတယ်လီဂရမ်)

မြင်းခြံမြို့နယ်အတွင်းမှာ သြဂုတ် ၅ ရက်ကတည်းက တိုက်ပွဲစဖြစ်နေပြီး သြဂုတ် ၈ ရက် ဒီကနေ့ အထိ မြင်းခြံမြို့နယ်ပတ်ချာလည် ၅ မိုင်ခန့်ကို နယ်မြေစိုးမိုးချင်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးသီတာယုမွန်အဖွဲ့တွေ ပူးပေါင်းကာ ဖြန့်ကျက်စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

အဆိုပါ တော်လှန်ရေးတပ်စခန်းတွေဖျက်ဆီးခံရတဲ့တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးရှိပြီး အရေအတွက်ကိုတော့ အတိအကျပြောလို့မရသေးဘဲ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က ထုတ်ပြန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်များဝင်ရောက်ဖျက်ဆီးနေစဥ်။ (စစ်ကောင်စီတယ်လီဂရမ်)
ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ်များဝင်ရောက်ဖျက်ဆီးနေစဥ်။ (စစ်ကောင်စီတယ်လီဂရမ်)

ဩဂုတ် ၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်စီးခဲ့သေးရာ နှစ်ဖက်ထိခိုက်ရှိတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။