ပကဖအဖွဲ့ဝင်၂ဦး ဖမ်းဆီးခံရပြီးနောက်ဆက်တွဲ ပြည်သူ ၁၅ ဦးကျော် ဖမ်းဆီးခံရ

0 3
0 3

အင်းတော်၊ မတ် ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် အလှူရှင်စာရင်းတချို့ စစ်ကောင်စီလက်ထဲရောက်သွားကာ နောက်ဆက်တွဲအနေနဲ့ ပြည်သူ ၁၅ ဦးကျော် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

‌ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ မနက် ၇ နာရီလောက်က မြို့ထဲကမီးပွိုင့်မှာ စစ်ကောင်စီစစ်ဆေးရေးနဲ့တွေ့ပြီး ရဲဘော် ၂ ဦးဖမ်းဆီးခံခဲ့ရကာ၊ သူတို့နဲ့ဆက်စပ်တယ်ဆိုပြီး မြို့ထဲက ပြည်သူတချို့ကို လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး CDM ဆရာမတွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။

“မြို့ထဲမှာ ပကဖရဲဘော်၂ ဦး အဖမ်းခံလိုက်ရတာ၊ အဖမ်းခံလိုက်ရတော့ သူတို့အလှူရှင်နာမည်တွေပါပါသွားတာ စာရွက်နဲ့ပေါ့၊ မြို့ထဲမှာက အဲ့စာရင်းအတိုင်း လိုက်ဖမ်းတာ၊ အလှူရှင်စာရင်းက စစ်ကောင်စီ လက်ထဲကို ရောက်သွားတယ်” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည့်ဖြိုးအောင် အသက် ၂၄ နှစ်နဲ့ ရဲရင့်အောင်အသက်၂၂ နှစ်တို့ ဖမ်းဆီးခံခဲ့ရပြီး နောက်ဆက်တွဲဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ အချက်လက်တွေကတော့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး သတင်းမေးမြန်းနေစဉ်အတွင်းမှာပဲ နောက်ထပ်ပြည်သူ ၃ ဦး ထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အင်းတော် ဈေးတိုက်တန်းတဝိုက်က ပြည်သူအများစု ဖမ်းဆီးခံခဲ့ရပြီး၊ အဲဒိဖမ်းဆီးခံထားရတဲ့သူတွေကို အင်း‌တော်စစ်တပ်ကုန်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီကနေ့ နေ့လည်ထဲက မြို့ထဲမှာ ကားနဲ့လှည့်လည်ကာ ရှာဖွေတာတွေ၊ ဖမ်းဆီးတာတွေလုပ်နေပြီး အဆက်သွယ်ရှိထားတဲ့ ပြည်သူတွေအနေနဲ့ သတိထားရှောင်တိမ်းကြဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။