myaelatt athan

Sharing Information to the Local

မိုင်းမတော်တဆမှုကြောင့် ၁၉ နှစ်အရွယ်ရဲဘော် ၁ ဦးလက်ဖြတ်လိုက်ရ

ယင်းမာပင်၊ မတ် ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ဖို့ပြင်ဆင်ချိန် မတော်တဆမှုဖြစ်ပြီးပေါက်ကွဲခဲ့ရာ ရဲဘော်တဦးကိုထိမှန်ပြီး လက်တဖက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ကုလားဖြစ်ပြီး၊ မတ်လ ၃ ရက်နေ့လယ်ပိုင်းမှာ စစ်အုပ်စုကိုတိုက်ဖို့ စခန်းတွင်းပြင်ဆင်နေချိန်မှာပဲ ပေါက်ကွဲခဲ့တာလို့ အဲ့ဒီအဖွဲ့မှတပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

“ကျနော်တို့ ရဲဘော်တွေရဲ့ ပေါ့စမှုကြောင့်လည်းပါတယ်၊ မိုင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမယ်ကအစ ပြောထားပါတယ်၊ အခုလိုဖြစ်သွားတော့ ကျနော်တို့အနေနဲ့ စိတ်လည်းမကောင်းပါဘူး၊ မျက်ရည်လည်း ကျမိတယ်” လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲဘော်ကုလားရဲ့ ဘယ်လက်ဖြတ်လိုက်ရတဲ့အပြင် ခြေထောက်နှစ်ဖက်လုံးနဲ့ မျက်နှာတွေမှာလည်း ဒဏ်ရာတွေရရှိခဲ့ပြီး ခြေထောက်တွေကိုတော့ ခွဲစိပ်မှုမလုပ်ရသေးဘူးလို့ ဆိုပါတယ်။

ခုလက်ရှိမှာတော့ အဲ့ဒီရဲဘော်ကို CDM ဆရာဝန်တွေကကုသပေးနေပြီး လက်အတုတပ်ဖို့အတွက် ငွေကြေးအခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

တပ်ဖွဲ့အတွင်း လုံလောက်တဲ့လက်နက်အင်အားမရှိတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေနဲ့လည်း လက်နက်တပ်ဆင်ပေးမှုတွေ မရှိတာကြောင့် ရှိတဲ့လက်နက်တွေနဲ့သာ တိုက်ခိုက်နေရတဲ့အတွက် ခုလိုမတော်မတဆမှုတွေဖြစ်နေသလို လက်နက်အခက်အခဲတွေလည်းရှိနေရတယ်လည်း ဗိုလ်အောက်ဆွဲက ဆက်ပြောပါတယ်။

“MOD (Ministry of Defence – NUG) က ကျနော်တို့ကို အိမ်မက်တွေအမျိုးမျိုးပေးပြီး လက်နက်တွေ တပ်ဆင်ပါမယ်ပြောပြီးတော့ အရေးကြီးတဲ့မြို့နယ်ကို မတပ်ဆင်ပဲနဲ့ ကျန်တဲ့မြို့နယ်တွေကိုတပ်ဆင်နေတော့ ကျ‌နော်တို့တွေ တော်တော်ဒုက္ခရောက်တယ်၊ ကျနော်တို့တွေက ကိုယ်ထုကိုယ်ထဘဝနဲ့ပဲ အခုအချိန်ထိ တော်လှန်ရေးကို ဆက်လက်သွားနေရတုန်း၊ ရှိတဲ့လက်နက်နဲ့ပဲတွန်းလှန်နေရတယ်၊ သူတို့တွေ D Day တွေ ဘယ်လောက်ပဲကြော်ညာ ကြော်ညာ ကျနော်တို့တွေကို သူတို့လက်နက်မချပေးပဲနဲ့ ဘာမှလုပ်လို့မရဘူး” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်မနက် ၇ နာရီလောက်မှာလည်း ဆားလင်းကြီးမြို့နယ်၊ မုံရွာ – ပုသိမ်လမ်းပိုင်းရှိ ၁၆ ကုတင်ဆေးရုံဟောင်းအနီးမှာ ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေတဲ့စစ်သားတွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၁ Brother Defense Force က မိုင်း ၈ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။