ကနီ ပအဖ၊ သပိတ်အင်အားစုတွေနဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ ၃၇ နှစ်မြောက် ၈ လေးလုံး သပိတ်

0 12
0 12

ကနီ၊ ဩဂုတ် ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူထုဖက်ဒရယ် သပိတ်အင်အားစု၊ အမျိုးသမီးမဟာမိတ်အင်အားစု – WAB တို့နဲ ပူးပေါင်းပြီး ဒီကနေ့မှာကျရောက်တဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံသပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဩဂုတ် ၈ ရက် တရက်တည်းမှာ လှုပ်ရှားမှု နှစ်ရပ်ပြုလုပ်ခဲ့ပြီး လူထုအင်အား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ WAB အဖွဲ့ဝင်တဦးထံက သိရပါတယ်။

“ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)၊ လူထုဖက်ဒရယ်သပိတ်အင်အားစုနဲ့ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လှုပ်ရှားမှု ၂ နေရာ လုပ်ခဲ့ပါတယ်၊ တနေရာမှာတော့ ထီးသပိတ်နဲ့ ပြည်သူလူထုအင်အား ၁၀၀ ဝန်းကျင် ပါဝင်ပြီးတော့၊ တနေရာမှာတော့ အနီရောင်အင်္ကျီပေါ် ၈ ဂဏန်း စာလုံးရေးသားပြီး ပူးပေါင်းခဲ့ကြပါတယ်။”လို့ အမျိုးသမီးမဟာမိတ်အင်အားစု-WAB အဖွဲ့ဝင် မစန္ဒာက ပြောပါတယ်။

သပိတ်အင်အားစုတွေနဲ့ ကျေးရွာလူထုတွေဟာ ကျေးရွာအတွင်း စီတန်းလှည့်လည်တာ၊ ထိုင်သပိတ် ပြုလုပ်တာနဲ့ ကျေးရွာဂစ်တာအဖွဲ့က ရောင်နီသီချင်း၊ သွေးသစ္စာ၊ ကမ္ဘာမကြေဘူး သီချင်းတွေ တီးခတ်ပြီး လူထု သံပြိုင် သီဆိုတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ မစန္ဒာက ဆက်ပြောပါတယ်။

၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ထီးသပိတ်တွေကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ တဝှမ်းက ဒေသအသီးသီးမှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။