ရဲကားကို ဖောက်ခွဲဖို့ ပြင်ဆင်ချိန် မိုင်းမတော်တဆဖြစ်ပြီးပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

0 6
0 6

အင်းတော်၊ မတ် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ထဲမှာ ညကင်းပတ်နေတဲ့ ရဲကားကို မိုင်းဖောက်ခွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် မိုင်းမတော်တဆမှုဖြစ်ပြီး အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်မနေ့ည ၈ နာရီခွဲလောက်က အင်းတော်မြို့၊ လမ်းဆုံးမီးပွိုင့်တနေရာမှာ မိုင်းထောင်နေစဥ် ပေါက်ကွဲမှုဖြစ်ပြီး နေရာတင် ကျဆုံးခဲ့ကြတာလို့ အင်းတော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

“အလောင်းတွေကတော့ ပြန်မရဘူး။ အသားစတွေက တစစီဖြစ်သွားတော့ စခတွေက ဒီမနက်မှာ အသားစတွေ ပြန်ကောက်ပြီး အင်းတော်သချိုင်းမှာ မြေမြှုပ်လိုက်တယ်။ အခုလိုဖြစ်ရပ်မျိုးက ပထမအကြိမ်ပါ။ အရင်ကလည်း မြို့ထဲတွေမှာ လှုပ်ရှားပါတယ်။ **တွေ ထိခိုက်တာပဲရှိခဲ့ဖူးတာ” လို့ ဆိုပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်တွေဟာ မိုင်းဆရာတွေဖြစ်သလို အသက် ၂၀ ဝန်းကျင်သာ ရှိသေးတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“မိုင်းထောင်ရင် တချက်လေး မှားလို့မရဘူး၊ စိတ်ငြိမ်မှ ရတာပါ။ အခုက ညဘက်လည်းဖြစ်တော့ ပိုဆိုးသွားတာပေါ့။ တယောက်က အသက် ၂၂ နှစ်၊ နောက်ထပ်တယောက်က အသက် ၂၄ အရွယ်တွေပါပဲ” လို့ ဆိုပါတယ်။

အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ အင်းတော်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေါက်တိုင်တွေကို မကြာခဏ တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး၊ ခုလို ရဲဘော်တွေ ကျဆုံးတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။