စစ်ကောင်စီက သာယာဝတီမြို့ခံ သူဌေးပိုင်ကားတွေကို စစ်ကြောင်းထိုးဖို့ ချောဆွဲ

0 4
0 4

သာယာဝတီ၊ မတ် ၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ သာယာသတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းက လုပ်ငန်းရှင်သူဌေးတွေပိုင်ဆိုင်တဲ့ ကားတွေကို စစ်ကောင်စီက စတင်ချောဆွဲယူနေတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့က စတင်ပြီး ပဲခူးရိုးမအတွင်း PDF တွေရှိနေတဲ့နေရာတွေကို စစ်ကြောင်းထိုးတဲ့နေရာမှာ အသုံးပြုဖို့ သာယာဝတီခရိုင် စီမံကောင်စီဥက္ကဌ အမိန်နဲ့ မြို့နယ် စီမံကောင်စီဥက္ကဌတွေက ချောဆွဲနေတာဖြစ်တယ်လို့ သာယာဝတီ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“စကစ စစ်ဆင်ရေးမှာ သုံးနေတဲ့ ကားတွေက အစုတ်အပြတ်တွေဆိုတော့ ပြီးခဲ့တဲ့ ရက်ကပဲ ရိုးမအတက်မှာ ကားမှောက်သေထားတာဆိုတော့ ကားကောင်းတဲ့ အရပ်သားကားတွေကို အသုံးပြူဖို့အတွက် ချောဆွဲနေတာဖြစ်တယ်။ သိရတဲ့သတင်းအရတော့ သာယာဝတီခရိုင်တခုလုံးက ကားတွေကို ချောဆွဲမယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတ​ပ်တွေက အရပ်သားကားနဲ့လာချိန် PDF တွေက ပစ်ခတ်ပါက PDF တွေက အရပ်သားကားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုပြီး သတင်းမှား​ဖြန့်ရန် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

“ပြည်သူတွေကို သတိပေးချင်တာက စကစ ကားတွေနဲ့ နီးကပ်စွာ မလိုက်ဖို့။ သူတို့ကားတွေနဲ့ မလိုက်လာဖို့။ သူတို့ရဲ့လှုပ်ရှားမှုတွေကို မပြတ်စုံစမ်းနေတာဖြစ်လို့ စကစနဲ့အတူ လိုက်ပါလာမယ်ဆိုရင် စကစ ဘက်တော်သားလို့ ယူဆပြီး စစ်ရေးအရ တိုက်ခိုက်ရမှာပဲ” လို့ ပြောပါတယ်။

ယနေ့ မတ်လ ၃ ရက်နေ့မှာပဲ သာယာဝတီမြို့နယ် စီမံကောင်စီအမိန့်နဲ့ သာယာဝတီမြို့နယ်ထဲက သူဌေးလု​ပ်ငန်းရှင်တွေ သုံးတဲ့ Extra Cab၊ Double Cap၊ 4Wheel ကား ၁၀ စီးခန့်ကို ချောဆွဲထားတယ်လို့ ဆိုပါတယ်။

မတ်လ ၂ ရက်နေ့ မနက် ၄ နာရီကျော်ခန့်က မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနဲ့ မြို့ချောင်းကျေးရွာကြား ခါချဥ်တောင်လမ်းမှာ PDF တွေကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကောင်စီကား မှောက်လို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။