myaelatt athan

Sharing Information to the Local

PDF စီးလာတဲ့ဆိုင်ကယ်ကိုရပ်ခိုင်းပြီး စစ်တပ်ထဲဝင်မလားမေးတဲ့ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး ပစ်သတ်ခံရ

0 121
0 121

မြေလတ်အသံ၊ သြဂုတ် ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ မှ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီးတို့ သြဂုတ် ၇ ရက်မနက် ၉ နာရီကျော်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က ပြောပါတယ်။

ပစ်ခတ်ခံရသူ ၂ ဦးဟာ အရာခံဗိုလ်လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ဖြစ်ပြီး ၎င်းတို့ဟာ ခမရ ၆ ကနေ အရပ်ဝတ်နဲ့ဆိုင်ကယ်စီးပြီ ထွက်ခွာလာချိန် သဖန်းပင်ဆိပ်ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ရဲဘော် ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုရပ်ခိုင်းတာဗျ။ ရပ်ခိုင်းပြီး မင်းတို့ စစ်ထဲ၀င်မလား၊ တိုင်းပြည်အတွက် ဘာညာပြောနေတာ။ အဲ့အချိန် နောက်က ရဲဘော်က သေနတ်ထုတ်ပြီး ပစ်လိုက်တာဗျ။”လို့ သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

ပစ်ခတ်ပြီးနောက် လက်ပစ်ဗုံး ၁ လုံး၊ ငွေသားကျပ် ၂ သိန်း၊ စစ်မှုထမ်းကဒ် ၁ ခု၊ စစ်မှုထမ်း စိစစ်ရေးစာအုပ် ၁ အုပ်၊ မှတ်ပုံတင်ကဒ် ၁ ခု၊ လိုင်စင်ဓာတ်ပုံ ၆ ပုံ၊ မိုလ်ဘိုင်းဖုန်း ၂ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အရာခံဗိုလ်လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့ ပစ်ခတ်သေဆုံးပြီးနောက် နာရီဝက်အကြာမှာ ရုပ်အလောင်းတွေကို ခမရ ၆ မှ စစ်ကောင်စီတပ်သားတွေက ကား ၁ စီးနဲ့ လာယူသွားခဲ့တယ်လို့ အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၁ ရက်ကလည်း အုတ်ဖိုမြို့၊ ကွေ့ချောင်းရပ်ကွက်လမ်းထိပ်မှာ စစ်ကောင်စီတပ်ကဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ရဲအောင်နဲ့ ဇနီးခင်မာရီတို့ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄က ပစ်ခတ်ရာသေဆုံးခဲ့တယ် လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။