myaelatt athan

Sharing Information to the Local

ကာလရှည်စစ်ရှောင်နေရတဲ့ ရွာတချို့ စပါးစိုက်ခွင့်မရဘဲ ဝမ်းရေးအခက်ကြုံနေ

နတ်တလင်း၊ မတ် ၂၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်းက ကျေးရွာတချို့ဟာ ကာလရှည် စစ်ရှောင်နေရတာကြောင့် စိုက်ပျိုးမစားနိုင်တဲ့အတွက် ဝမ်းစာအခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာ၊ ကွေ့ကြီးရွာ၊ ကရင်ဆင်ဆွဲရွာနဲ့ သဖန်းချောင်းရွာတွေဟာ ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ရာသီကစလို့ ရွာလုံးကျွတ် စစ်ရှောင်နေရတာကြောင့် လယ်ဧက ၄၀၀ ဝန်းကျင်လောက်ကို စိုက်ပျိုးနိုင်ခြင်းမရှိတာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ မိုးတွင်းကစပြီး စပါးမစိုက်ရဘဲ ဒီအတိုင်းလွှတ်ထားရတာ။ ပဲခူးရိုးမပေါ်ကို ပြောင်းရွှေ့သွားတဲ့ မိသားစုတွေရှိသလို တချို့ကလည်း တောင်ခြေမှာပဲ တောင်ယာလုပ်ကိုင် စားနေကြတယ်။ အဓိကက လူတွေက မနေရဲတော့ စပါးစိုက်မရတော့ဘဲ ဝမ်းစာအတွက်ဆန်ကိုဝယ်စားနေရတာ” လို့ အဲ့ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ Phoenix PDF က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ညောင်လေးပင်ရွာနဲ့ ကွေ့ကြီးရွာ ၂ ရွာဟာ ပြီးခဲ့တဲ့နှစ်အတွင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရတာဖြစ်ပြီး ကရင်ဆင်ဆွဲရွာနဲ့ သဖန်းချောင်းရွာကလည်း နေထိုင်သူအနည်းငယ်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၀ ရက်ဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဟာ ညောင်လေးပင်ရွာက စစ်ရှောင်အမျိုးသမီးနဲ့ ကလေးအပါ ၁၄ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေရာ ဒီနေ့ထိ ပြန်လည်လွတ်မြောက်တာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ စစ်ရှောင်တွေဟာ ဒေသတွင်းက ထွက်ရှိတဲ့ အမာဆန်အမျိုးအစားဖြစ်တဲ့ ငွေတိုးဆန် ၁၀၈ ပေါင်ပါ တအိတ်ကို နတ်တလင်းမြို့ပေါ်မှာ ကျပ် ၅ သောင်းခွဲကျော်နဲ့ ဝယ်ယူနေရပြီး စစ်ရှောင်စခန်းက ပြည်သူတွေကတော့ ကျပ် ၇ သောင်းကျော်ပေးကာ ဝယ်ယူစားသောက်နေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။