myaelatt athan

Sharing Information to the Local

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ မှတပ်ဖွဲ့ဝင်တဦး ကျဆုံး

0 35
0 35

မြေလတ်အသံ၊ သြဂုတ် ၇၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်းး စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ မှတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ကျဆုံးသူဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ မှ အသက် ၁၈ နှစ်အရွယ် တပ်ဖွဲ့ဝင် လမင်းဖြစ်ပြီး သြဂုတ် ၅ ရက်နေ့လယ် ၁ နာရီကျော်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ဆိုပါတယ်။

“ရဲဘော်လေးက တော်ပါတယ်။ ရဲဘော်လေးက ကျနော်ဆီရောက်တာ ၂၀၂၂ မှာ ရောက်တာပါ။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာလည်း ပါဝင်ဆင်နွှဲခဲ့တဲ့ကလေးတယောက်ပါ။ အရမ်းလည်း မာတယ်။ ရဲဘော်အချင်းချင်းကလည်းချစ်တယ်။ သနားအောင်လည်းနေတတ်ပါတယ်။ ကျနော်တို့ အရမ်းခံစားရပါတယ်”လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ တပ်ရင်းမှူးဗိုလ်စွမ်းက ပြောပါတယ်။

တပ်ဖွဲ့ဝင်လမင်းရဲ့ ရုပ်အလောင်းကို အညာဒေသကိုသယ်ယူဖို့ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဗန်းမော်မှာပဲ သြဂုတ် ၅ ရက်က မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာ ၄ ရက်က စတင်ဆင်နွှဲခဲ့တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIAနဲ့ PDF ပူးပေါင်းတပ်တွေက အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အပါအဝင် လက်ကျန် တပ်စခန်းတွေအကုန်လုံးကို ထိုးစစ်ရှိန်မြှင့်တိုက်ခိုက်နေရာ စကခ (၂၁) ကာကင်းစခန်းတွေအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာတွေကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။