ချောက်မြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင် ကွယ်လွန်

0 43
0 43

မြေလတ်အသံ၊ ဩဂုတ် ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်က တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင်ဟာ ဇူလိုင် ၃၁ ရက်ညပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဆီက သိရပါတယ်။

ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင် ဇူလိုင် ၃၁ ရက် ယမန်နေ့ည ၁၀ နာရီ ၄၂ မိနစ်မှာ လူကြီးရောဂါနဲ့ တော်လှန်နေရာတနေရာမှာ ကွယ်လွန်သွားတာဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီလို့ ဆိုပါတယ်။

“ဆရာကြီးက လူကြီးရောဂါလို့ပြောရမှာပါ၊ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက အစာသိပ်မဝင် ဆရာဝန်တွေနဲ့တော့ ကြပ်ကြပ်မတ်မတ်ကုကြပါတယ်။ တော်လှန်ရေးအစုအဖွဲ့တွေ အားလုံးက ဝိုင်းတော့ စောင့်ရှောက်ကြတယ်။ အစာမဝင် တရှောင်ရှောင်ဖြစ်ပြီးတော့ ညကကွယ်လွန်သွားတယ်”လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဒေါက်တာရဲထွန်းဇော်(အထက်မင်းလှမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)က ပြောပါတယ်။

သူမသေဆုံးခင်အချိန်ထိ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ‌ရေးဆွဲ‌ရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်(အစုအဖွဲ့ ၂) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေးမှာ တက်တက်ကြွကြွ ပါဝင်နေသူတဦးဖြစ်တယ်လို့ အတွင်းရေးမှူး ဒေါက်တာရဲထွန်းဇော်က ဆက်ပြောပါတယ်။

ဦးသန်းတင်ဟာ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ပြီးတော့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

စာတည်း – မြတ်

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။